●တိုက်ခိုက်ခံရပြီးနောက်နေ့တွင် မြေတော်ရဲစခန်းမှစစ်သားနှင့်ရဲများ စခန်းကိုစွန့်ခွာထွက်ပြေး
မကွေးတိုင်း၊ရေစကြိုမြို့နယ်၊မြေတော်ရဲစခန်းမှ စျေးဝယ်ထွက်လာသည့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များအား ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ ရဲ၃ဦးသေဆုံးကြောင်း YSO.I S A(ရေလယ်ကျွန်းဒေသ ပြောက်ကျားတပ်)က သတင်းထုတ်ပြန်သည်။
ယမန်နေ့ (မေလ ၂၃ ရက်နေ့) နံနက် ၁၀နာရီခွဲခန့်က ရေစကြိုမြို့နယ်၊ မြေတော်ရဲစခန်းမှ ဈေးဝယ်ထွက်လာသော ရဲ ၇ဦးအား ဝင်ရောက်ပစ်ခတ်ခဲ့ရာ၃ဦး သေဆုံးပြီး ၂ဦးအပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း YSO.I S A အဖွဲ့က ပြောသည်။

ထို့အပြင် G3 သေနတ် ၂လက်၊G3ကျည် ၃၅တောင့်နှင့် လက်ပစ်ဗုံး ၁လုံး၊ဖုန်း ၂လုံး၊ ငွေ-၃၁၄၅၀ကျပ်တို့ သိမ်းဆည်းရမိခဲ့ကြောင်း YSO.I S A အဖွဲ့က ပြောသည်။
အဆိုပါတိုက်ခိုက်မှုတွင် YSO.I S A(ရေလယ်ကျွန်းဒေသ ပျောက်ကျားတပ်)၊MGN-Tiger၊ Bagan Nyaung Oo PDF၊ Black Wolf PDF -Mdy မဟာမိတ်အဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ၎င်းတို့က ပြောသည်။
တိုက်ခိုက်ခံရပြီးနောက် ယနေ့ မေလ ၂၄ ရက်နေ့တွင် မြေတော်ရဲစခန်းမှ စစ်သားအချို့ နှင့် ရဲတပ်ဖွဲ့ဝင်များ စခန်းကိုစွန့်ခွာထွက်ပြေးသွားကြောင်း ဒေသခံများက ပြောသည်။
ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ ကျေးရွာများတွင် အကြမ်းဖက်စစ်တပ်က ကျေးရွာပေါင်းများစွာမှ အိမ်ခြေပေါင်းရာချီမီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူများကိုလည်း ဖမ်းဆီးသတ်ဖြတ်မှုများ ပြုလုပ်ခဲ့သည်။ ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့်လည်း မကြာခဏတိုက်ပွဲများ ဖြစ်ပွားနေသည်။
