မန္တလေးတိုင်း ၊ ဝမ်းတွင်းမြို့နယ်အတွင်းက ကုန်းရွာမှာနေထိုင်တဲ့ ကလေးမိခင် အသက် ၂၂ နှစ်အရွယ် မစန္ဒာလင်းဟာ ဒီနေ့မနက်ပိုင်းက မိုင်းနင်းမိပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီသိရပါတယ်။
မစန္ဒာလင်းဟာ မနက် ၈ နာရီလောက်မှာ ဈေးရောင်းရာကအပြန်လမ်းမှာ မိုင်းနင်းမိပြီး ကွယ်လွန်သွားခဲ့ရတာပါ။

ဝမ်းတွင်းမြို့ကသတင်းတွေကို ဖော်ပြနေတဲ့ Voice of Wundwin ဖေ့ဘွတ်ခ်ပေ့ချ်မှာဖော်ပြချက်အရ မစန္ဒာလင်းဟာ ငါးရောင်းရာကနေအပြန်မှာအဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရတာလို့သိရပါတယ်။ ကွယ်လွန်သွားတဲ့ မစန္ဒာလင်းမှာ အသက် ၂ နှစ်အရွယ်သားယောင်္ကျားလေး ကျန်ခဲ့တယ်လို့သိရပါတယ်။
ဝမ်းတွင်းမြို့နယ် ဒေသခံ ပြည်သူ့ကာကွယ်ရေးအင်အားစု ကတော့ ဒီမိုင်းဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လက်ချက်ဖြစ်ပြီး လက်တုံ့ပြန်တိုက်ခိုက်သွားမယ်လို့ ကြေညာထားပါတယ်။
