မင်းတပ်မြို့သို့ ရောက်ရှိနေသည့် စစ်ကောင်စီယာဉ်တန်း လုံခြုံရေးအတွက် ကျောက်ထုဘက်သို့ ရှေ့ပြေး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်(PDF)ပူးပေါင်း အဖွဲ့က ခုခံတိုက်ခိုက်ခဲ့ရာ ယနေ့(မေလ ၁၅ရက်)မွန်းလွဲပိုင်း၌ တိုက်ပွဲဖြစ်ပွားနေကြောင်း ကျောက်ထုPDF ရုံးတာဝန်ရှိသူက အတည်ပြုသည်။
“ကျောက်ထု – မင်းတပ်လမ်းမှာ တိုက်ပွဲက အခုနေ ဖြစ်နေတုန်း။ရှေ့ပြေးယာဉ်တန်းနဲ့ဖြစ်တာရှင့်။ အသေအချာတော့ မသိရသေးဘူး။ ဖြစ်တာကတော့ မင်းတပ်အဆင်းက ရွာနားမှာ ဖြစ်တာ”ဟု ကျောက်ထု PDF ရုံးတာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီတပ်မှ သံချပ်ကာယာဉ် အပါအဝင်ယာဉ်အစီးရေ ၇၀ကျော် ယာဉ်တန်းသည် မင်းတပ်မှကျောက်ထုသို့ ပြန်လာရန်ရှိ၍ စစ်ကောင်စီတပ်သည်မင်းတပ်မှ လည်းကောင်း၊ ထီးလင်းမှလည်းကောင်း စစ်ကြောင်းများ ဝင်ရောက်ကာလမ်းလုံခြုံရေး လုပ်ဆောင်နေခြင်းဖြစ်သည်ဟုဆိုသည်။
လတ်တလောတွင် အဆိုပါကျောက်ထု – မင်းတပ်လမ်းနှင့် ဂန့်ဂေါ- ကျောလမ်းတို့ကို အသုံးပြု သွားလာခြင်းမပြုရန် ဒေသခံ PDFများက ကြေညာချက်ထုတ်ပြန်ထားသည်။
