ကနီမြို့နယ်၊မှန်ထောင်ဘုရားကုန်းတွင် စခန်းချထားသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များဝင်တိုက်ခိုက်ရာ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း အာဏာရှင်တော် လှန်ရေးပြည်သူ့တပ်မတော်-DPRA က ထုတ်ပြန် သည်။
ယနေ့ (မေ ၁၅ ရက်) နေ့လယ် ၃ နာရီခန့်တွင် ကနီမြို့နယ်အဖွဲ့မှတပ်ကူပို့ရန် အကူအညီတောင်း သဖြင့် သွားရောက်ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။
“ရန်သူ့အင်အားက ၂၅ ကနေ ၃၀ ကြားရှိတယ်။ဒီကောင်တွေ ယာယီစခန်းချထားတဲ့နေရာကို ဝင်တိုက်ကြတာ။လက်နက်ကြီးရော လက်နက်ငယ် တွေနဲ့ပါ ပစ်ခတ် တိုက်ခိုက်ခဲ့တာ။တိုက်ပွဲကနာရီဝက်လောက် ကြာတယ်”ဟု DPRA တာဝန်ရှိသူက People’s Springသို့ပြောသည်။
စစ်ကောင်စီတပ်မှ လက်ရှိတွင် မှန်ထောင်ဘုရားကုန်းယာယီတပ်စခန်းကို စွန့်ခွာထွက်ပြေးသွားကြပြီး စစ်ကောင်စီတပ်မှထိခိုက်သေဆုံးမှုကိုမှု အခြေအနေကိုမူမသိရသေးပေ။
ယနေ့ တိုက်ပွဲတွင် DRPA၊ဘာမထီအဖွဲ့၊KGF၊အမေ့သားကျားသုံးဖော်၊မြို့နယ်ပကဖ နှင့်မဟာ မိတ်တပ်ပေါင်းစုများကပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်၌ပါရှိသည်။
မေလလ ၁၀ ရက်ကလည်း ကနီမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲထားသော အလယ်ကျွန်းရွာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာအထိ့နာသဖြင့် စစ်ကောင်စီက လေယာဥ်ဖြင့် ပစ်ကူပေးခဲ့ရသည်။
