ရန်ကုန်မြို့ လှိုင်မြို့နယ် သံလမ်းမှတ်တိုင်အနီး စစ်ကောင်စီတပ်စွဲထားသည့်နေရာ အင်းစိန်လမ်းမနှစ်ဖက်စလုံးကို ပိတ်ဆို့ထားသောကြောင့် ယာဉ်ကြောပိတ်ဆို့မှု ဆိုးရွားစွာဖြစ်နေသည်။
ယနေ့ ည ၇နာရီ အချိန်ခန့်မှစတင်၍ လမ်းပိတ်ဆို့မှုဖြစ်ခဲ့ခြင်းဖြစ်ပြီး လမ်းပိတ်သည့် အကြောင်းပြချက်ကို မသိရကြောင်း ယင်းနေရာအနီးတွင်နေထိုင်သူများက ပြောသည်။

“ဟိုဘက်ရော၊ ဒီဘက်ရော ဖြတ်ခွင့်မပေးတာ။ စစ်သားတွေက လက်နက်တွေနဲ့ လမ်းပေါ်မှာ ပိတ်ထားတယ်”ဟု အဆိုပါ နေရာနေရာအနီးရောက်ရှိနေသည့် အမျိုးသားတစ်ဦးက ပြောသည်။
ယာဉ်ကြောပိတ်ဆို့မှု ဆိုးရွားစွာဖြစ်ပေါ်သောကြောင့် အင်းစိန်လမ်းမတွင် ပြေးဆွဲသည့် YBS ကားများ ပြန်လှည့်ကာ ဗဟိုလမ်းမှ သွားရသောကြောင့် ဗဟိုလမ်းတွင်လည်း ယာဉ်ကြောပိတ်ဆို့ထပ်မံ ဖြစ်ပေါ် ခဲ့သည်။

လမ်းလျှောက်၍ သွားလာသူများကိုမှု စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်ပြီးနောက်ဖြတ်သန်းသွားလာခွင့်ပေးကြောင်း အမျိုးသမီးတစ်ဦးက ပြောသည်။
