ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်းပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအတွင်းသေနတ်ဖြင့်ဝင်ပစ်ခံရ၍ သေဆုံးမှုများရှိကြောင်း ဒေသခံများက People’s Springသို့ ပြောသည်။
ကျိုက်ဝိုင်းဘုရားလမ်းရှိ (၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ယနေ့(မေ ၁၁)နံနက် ၁၀နာရီခန့်တွင် အမည်မသိအဖွဲ့တစ်ဖွဲ့က ဝင်ရောက်ပစ်ခတ်သွားခြင်းဟု ဆိုသည်။
“သေနတ်သံချည်းကို ၁၀ချက်ကျော်တယ်။ပွချင်းပြီးသေတဲ့သူ ရာအိမ်မှူး ကြည်ခိုင်ဝင်း။အုပ်ချုပ်ရေးမှူးနေဝင်းလည်း အခုနေ့လယ်သေပြီလို့ သိရတယ်”ဟု မရမ်းကုန်းမြို့ (၃)ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။
ထို့အပြင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်ဆိုသူ နှစ်ဦးမှာလည်း ကျည်ထိဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ (၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား ၂၀၂၁ ဇူလိုင်၂၅ရက်ကလည်း ရုံးအတွင် သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်ခံရမှု ဖြစ်ပွားခဲ့သည်။ ထိုသို့ပစ်ခတ်မှုကြောင့် အုပ်ချုပ်ရေးမှူးဦးမိုးကျော် သေဆုံးခဲ့သည်။
