သံလမ်းမှတ်တိုင်နားမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အင်းစိန်လမ်းမနှစ်ဖက်စလုံးကို ပိတ်ထားတာကြောင့် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်နေပါတယ်။
ည ၇ နာရီလောက်ကစပြီး လမ်းပိတ်ခဲ့တာဖြစ်ပြီး လမ်းပိတ်တဲ့ အကြောင်းရင်းကိုတော့ မသိရဘူးလို့ အဲဒီနေရာအနီးမှာနေထိုင်သူတွေကပြောပါတယ်။
ယာဉ်တွေကို ဖြတ်သန်းခွင့်မပေးတာကြောင့် အင်းစိန်လမ်းကသွားတဲ့ YBS ယာဉ်တွေက လမ်းပိတ်တဲ့နေရာကနေ နောက်ပြန်လှည့်ပြီးဗဟိုလမ်းဘက်ကနေသွားလာရတာကြောင့် ဗဟိုလမ်းမှာပါ ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်ခဲ့ပါတယ်။
ယာဉ်တွေကို ဖြတ်သန်းခွင့်မပေးပေမယ့် လမ်းလျှောက်သွားတဲ့သူတွေကိုတော့ စစ်ဆေးပြီး ဖြတ်သန်းခွင့်ပေးတယ်လို့ မျက်မြင်တွေ့ခဲ့သူတစ်ဦးကပြောပါတယ်။
