close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်စစ်တပ်ကာကွယ်ရေးဝန်ကြီးဟောင်းနှစ်ဦး သေဒဏ်ချခံရ

တရုတ်စစ်တပ်ရဲ့ထိပ်တန်းကာကွယ်ရေးဝန်ကြီးဟောင်းနှစ်ဦးကို တရုတ်ကသေဒဏ်အမိန့်တွေအသီးသီးစီရင်ချက်ချမှတ်လိုက်ကြောင်းသိရပါတယ်။

သေဒဏ်အမိန့်ချခံရတဲ့ တရုတ်စစ်တပ်ကာကွယ်ရေးဝန်ကြီးဟောင်း ဗိုလ်ချုပ်ကြီး နှစ်ဦး ဓာတ်ပုံ - CNN ၊ Global Times

မေ – ၇ ၊၂၀၂၆

တရုတ်စစ်တပ်ရဲ့ထိပ်တန်းကာကွယ်ရေးဝန်ကြီးဟောင်းနှစ်ဦးကို တရုတ်ကသေဒဏ်အမိန့်တွေအသီးသီးစီရင်ချက်ချမှတ်လိုက်ကြောင်းသိရပါတယ်။

ဗိုလ်ချုပ်ကြီးတွေဖြစ်ခဲ့တဲ့ဝေ့ဖန်ဟီနဲ့လီရှန်ဖူတို့နှစ်ဦးဟာအဂတိလိုက်စားမှုစွပ်စွဲချက်တွေအတွက်တရုတ်စစ်ခုံရုံးရဲ့သေဒဏ်အမိန့်နဲ့ ကြုံတွေ့ခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီးဟောင်းတွေကို ၂ နှစ်ဆိုင်းငံ့ကာလအပြီးသေဒဏ်ပေးဖို့ ခုံရုံးက ဆုံးဖြတ်ခဲ့တာပါ။ဒါပေမဲ့ ဥပဒေစည်းမျဉ်းတွေအရတော့ဆိုင်းငံ့ကာလ အပြီးမှာသူတို့ကိုအမှန်တကယ်ကွပ်မျက်တာထက်ထောင်ဒဏ်တစ်သက် ပြောင်းလဲသွားမယ့် အခြေအနေ ရှိနေပါတယ်။

Public Service Announcement

Public Service Announcement

ဝေ့နဲ့ လီတို့ဟာဗဟိုစစ်ရေးကော်မရှင်နဲ့ နိုင်ငံတော်အကြံပေးအဖွဲ့ဝင်ဟောင်းတွေ ဖြစ်ကြပါတယ်။ စစ်ခုံရုံးကဝေ့ဟာလာဘ်လာဘရယူခဲ့ပြီးလီကတော့လာဘ်ယူခဲ့သလိုကိုယ်တိုင်လာဘ်ပေးတဲ့အမှုတွေလည်းကျုးလွန်ခဲ့တယ်လို့ ခုံရုံးကဆုံးဖြတ်ခဲ့ပါတယ်။

နှစ်ဦးစလုံးဟာနိုင်ငံရေးရပိုင်ခွင့်တွေအားလုံးရာသက်ပန် ရုပ်သိမ်းခံရပြီး ပိုင်ဆိုင်မှုတွေကိုလည်း အစိုးရ ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းကို ခံခဲ့ရပါတယ်။

ဥပဒေတွေအရ ၂ နှစ် ဆိုင်းငံ့ကာလပြီးရင် သူတို့ရဲ့ သေဒဏ်စီရင်ချက်ဟာ ထောင်ဒဏ်တစ်သက်အဖြစ် ပြောင်းလဲသွားမှာဖြစ်ပြီးအဲဒီလျှော့ပေါ့မှုနောက်ပိုင်း အယူခံဝင်တာ၊ ပြစ်ဒဏ်ကာလ လျှော့ချပေးတာတွေ ခံစားခွင့် ရှိမှာမဟုတ်ဘူးလို့လည်း သိရပါတယ်။

အသက် ၇၂ နှစ်အရွယ်ဝေ့ဟာ ၂၀၁၈ ကနေ ၂၀၂၃ ခုနှစ်ထိ ကာကွယ်ရေး ဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး အသက် ၆၈ နှစ်အရွယ် လီကတော့ ၂၀၂၃ ခုနှစ်မှာ အဲဒီ ရာထူးကို ၇ လသာ ရယူပြီး ဖယ်ရှားခံခဲ့ရပါတယ်။

ကိုးကား – Xinhua

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဘေဂျင်းမြို့တော်ဆီ ရောက်ရှိနေတဲ့ အီရန် နိုင်ငံခြားရေး ဝန်ကြီး အဘက်စ် အာရက်ချီကို တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက လက်ခံ တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။

သတင်း

တန်းစီးချုပ်ကိုဦးက ​မြောက်ဥက္ကလာပမျက်နှာဖုံးလူသတ်မှုက အမှုတွဲဖြစ်

နိုင်ငံတကာ

တရုတ်နိုင်ငံမှာ မီးရှူးမီးပန်း စက်ရုံတစ်ခု ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူ ၂၁ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

တရုတ်ချေးငွေနဲ့ တည်ဆောက်ခဲ့ပြီး ဆိုးဆိုးရွားရွား အရှုံးပေါ်နေတဲ့ လေဆိပ်တစ်ခုကို ရောင်းချနိုင်ဖို့ သီရိလင်္ကာ အစိုးရက ဝယ်လိုက်တွေ လိုက်ရှာနေပါတယ်။