close
Connect with us

Hi, what are you looking for?

သတင်း

အင်းစိန် သေဒဏ်တိုက်မှာတန်းစီးချုပ်ကအာဏာသုံးဖိနှိပ်မှု၊လောင်းကစားနဲ့ငွေညှစ်မှု​တွေလုပ်​နေ

တန်းစီးချုပ်ကိုဦးက ​မြောက်ဥက္ကလာပမျက်နှာဖုံးလူသတ်မှုက အမှုတွဲဖြစ်

(အင်းစိန်​ထောင်ကို Google Earth မှာ​တွေ့ရပုံ)

​မေ-၅၊၂၀၂၆။People’s Spring

အင်းစိန် အကျဉ်းထောင် သေဒဏ်တိုက်မှာ နှစ်ကြီးတန်းစီးချုပ်တစ်ဦးက အာဏာသုံး ဖိနှိပ်မှု၊ လောင်းကစားနဲ့ မတရားငွေညှစ်မှုတွေရှိနေတယ်လို့ စုံစမ်းမေးမြန်းချက်တွေအရ သိရပါတယ်။

၎င်း၏နာမည်မှာ ကိုဦး ဖြစ်ပြီး သေဒဏ်တိုက် ( ၂ တို တိုက်) မှာ တန်းစီးချုပ် လုပ်နေတာဖြစ်ပြီး ၎င်းရဲ့ထောင်ဝင်အမှတ်မှာ အစ/ ၁၅/၀၁၉၆၉/က (ဘ) ဦးစံဦး ဆိုသူရဲ့သားဖြစ်ပါတယ်။

အဆိုပါ တန်းစီးချုပ်က အသစ်ရောက်လာတဲ့သေဒဏ် အမိန့်ကျ အကျဉ်းသားသစ်တွေပေါ်မှာ ဆဲဆိုတာ ၊ မိုက်ရိုင်းပြုမူတာ​တွေအ​​ပြင်​၊ မိုက်ကြေးခွဲ၊ မတရားအလှူငွေတွေထည့်ခိုင်းတာတွေရှိ​နေတယ်လို့ စုံစမ်းသိရပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် တိုက် အခန်း ၂၁ မှာ ဖဲဝိုင်းထောင်တာတွေရှိပြီး အမြင်မသင့်တော်ကာ တော်တော်ဆိုးဝါးတယ်လို့ ကိုယ်တွေ့ကြုံရသူတွေကပြောပါတယ်။

“ ကျွန်တော်တို့နဲ့တော့ထိပ်တိုက်မတွေ့ရဘူး။ ဒါပေမယ့် သူ့သတင်းတွေကကြားရတယ်။ တော်တော်ဆိုးတယ်ဆိုတယ့်အကြောင်း။ ထောင်ထဲမှာတော့ တန်းစီးချုပ်တွေက အတော်ဆိုးကြတယ်။ အထူးသဖြင့် နိုင်ကျဥ်းတွေကိုပစ်မှတ်ထားတာ။ မင်းရာဇာဆိုလည်း အဲဒီအတိုင်းပဲ။ ကျွန်တော်တို့ကိုနှိပ်စက်ခဲ့တာ” လို့ နိုင်ကျဥ်းတစ်ဦးကပြောပါတယ်။

ကိုဦး ဆိုသူဟာအရင်ကလည်း ၄ ဆောင်မှာ ငလျင်ဘေးအတွက်ဟုဆိုပြီး အကျဉ်းသားတွေဆီက မတရား အလှူငွေတွေကောက်ပြီး ၎င်းကယူကာအလွဲသုံးစားလုပ်လို့ အတိုင်ခံရကာ ပြုတ်လာတာဖြစ်တယ်လို့ သိရပါတယ်။

” အဲဲဒီကိုဦိးက ၄ ဆောင်ကနေ အတိုင်ခံရလို့ ပြုတ်ပြီး သေဒဏ်တိုက်ကို ရောက်လာတယ်လို့ ယူဆလို့ရတယ်။ သူက တန်းစီးချုပ် လုပ်နေတယ်ဆိုတဲ့အတွက် ထောင်တွင်းက နှစ်ကြီးသမားဖြစ်မယ်။ အဲဒီလို နှစ်ကြီးသမားတွေကို ထောင်အဏာပိုင်တွေက မျက်နှာသာ ပေးလို့ အခုလို လုပ်နိုင်တာ။အသစ်ရောက်လာတဲ့ သေဒဏ် တွေကို လုပ်တယ်ဆိုတာ တော်လှန်ရေးကြောင့် အကျဉ်းကျနေတဲ့ တော်လှန်ရေးသမား ဒါမှမဟုတ် နိုင်ငံရေးသမားတွေ ဖြစ်လိမ့်မယ်” လို့ ထောင်နဲ့နီးစပ်သူတဦးက​ပြောပါတယ်။

ကိုဦးဟာ ၂၀၁၁ခုနှစ်၊ နိုဝင်ဘာ ၁၇ရက်၊ ညမှာမြောက်ဥက္ကလာပမြို့နယ်၊ နွယ်သာကီ (၆)လမ်းရှိ စားသောက်ဆိုင်တစ်ခုမှာ ထိုင်နေတဲ့လူမိုက်ကျော်မင်းကို မျက်နှာဖုံး​တေ့စွပ်ထားပြီး ဓားရှည်​တွေနဲ့ ဝိုင်းခုတ်သတ်တဲ့ လူသတ်မှုမှာ ပါဝင်ခဲ့လို့ ​ထောင်ဒဏ်တစ်သက်ကျခံရသူဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။အဲဒီလူသတ်မှုကို မျက်နှာဖုံးစွပ်လူသတ်မှုလို့​ခေါ်ကြပြီး တရားခံ ၁၅ဦးကို ​တရားရုံးက​သေဒဏ်ချခဲ့တာပါ ။အဲဒီအမှုမှာ ကိုဦးဟာ ကား​​​​မောင်း​ပြီးဓါး​တွေယူလာ​ပေးသူလို့ ဖြစ်စဥ်ကိုသိသူက​ပြောပါတယ်။

စစ်တပ်အာဏာမသိမ်းခင်က​​ထောင်ထဲမှာ ကိုဦးဟာဆံပင်လိုက်ညှပ်​ပေးသူလို့ သိရပါတယ်။အဲဒီက​နေ အာဏာသိမ်းစစ်တပ်လက်​အောက်မှာ ရာဇဝတ်မှုနဲ့​ ​ထောင်ဒဏတစ်သက်ကျတဲ့ကိုဦးကတန်းစီးချုပ်ဖြစ်လာတာပါ။

ဒါ့အပြင်ထောင်တွင်းမှာ ဖဲရိုက်တာကိုစည်းကမ်းအရ လုံးဝခွင့်မပြုတဲ့ လုပ်ရပ်ဖြစ်​တာ​ကြောင့်စစ်​ကောင်စီရဲ့​ထောင် ဝန်ထမ်းတွေနဲ့ အာဏာပိုင်အဖွဲ့အစည်းရဲ့ ကြီးကြပ်မှုမပါဘဲ လုပ်ဆောင်နိုင်ခြင်း မရှိဘူးလို့အကျဥ်း​ထောင်နဲ့ နီးစပ်သူအချို့​က​ပြောပါတယ်။

ဒါကြောင့်အကျဉ်းထောင်အတွင်း “နှစ်ကြီးသမား” အဖြစ် လူသိများသူတစ်ဦးက အဆောင်မှူးအဆင့် (တစ်ပွင့်) ဒါမှမဟုတ် ဦးစီးအရာရှိအဆင့်(သုံးပွင့်) တို့ရဲ့ မျက်နှာသာပေးမှုကြောင့် အကျဉ်းသား​တွေထံက ငွေကြေး​တောင်းခံအမြတ်ထုတ်ပြီး​ထောင်အာဏာပိုင်​တွေကို​ငွေရှာ​ပေး​နေဖြစ်တယ်လို့ ​ထောင်နဲ့ နီးစပ်သူအချို့ကပြောပါတယ်။

ဒါအပြင် ထောင်တွင်းရှိ “၂ တို တိုက်” နှင့် “၂ ရှည်တိုက်” ဟု ခေါ်ဆိုကြသော အကျဉ်းထိန်းသိမ်းရာနေရာများကိုလည်း အကျဉ်းသားအမျိုးအစားအလိုက် ခွဲခြားထားတာဖြစ်တယ်လို့ သိရပါတယ်။

“၂ တို တိုက်” တွင် သေဒဏ်ကျခံရသူများကို ထားရှိပြီး “၂ ရှည်တိုက်” တွင်ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျသူများကို ထားရှိတယ်လို့သိရပါတယ်။အဆိုပါတိုက်နှစ်ခုဟာ တစ်ဆက်တည်းတည်ရှိပြီး ကြားမှာနံရံနဲ့သာသဖြင့် အမည်အားဖြင့် “တို” နဲ့ “ရှည်” ဟုခေါ်ဝေါ်လာကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ ပြည်သူတွေကို နှောက်ယှက် ငွေညှစ်တောင်းခံနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF) ဟားခါးက မတ်လ ၁၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖမ်းဆီးခံထားရဆဲနိုင်ငံ​ရေးအကျဥ်းသား ၂၂၀၀၀ ​ကျော်ကျန်ရှိ

သတင်း

​မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းက ကျေးရွာတွေမှာ လောင်းကစားဝိုင်းတွေကြောင့် ခိုးဆိုးလုယက်မှုတွေ များလာတဲ့အတွက် ဒီကနေ့ မတ်လ ၁ရက်ကစပြီး ဘယ်လိုလောင်းကစားမျိုးကိုမဆို အရေးယူတော့မယ်လို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က ထုတ်ပြန်ပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ အခြေစိုက်ပြီး အွန်လိုင်းကနေ ငွေကြေးလိမ်လည်ခဲ့တဲ့ ကျားဖြန့် ဂိုဏ်းခေါင်းဆောင်တွေ အပါအဝင် ၁၁ ဦးကို သေဒဏ်စီရင် ကွပ်မျက်လိုက်ပြီလို့ တရုတ် အစိုးရ မီဒီယာက ဖော်ပြခဲ့ပါတယ်။

Facebook