close
Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်​မွေး​နေ့မှာ စစ်တပ်ကရန်ကုန်ကိုလုံခြုံရေးတင်းကြပ်ထား

လူထု​ခေါင်း​ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ အာဏာသိမ်းစစ်တပ်က ရန်ကုန်မြို့ကို လုံခြုံရေးတင်းကြပ်စွာချထားတယ်လို့ ဒေသခံတွေပြောပါတယ်။

(ရန်ကုန်မြို့လယ်တ​နေရာကို​တွေ့ရစဥ်။ ဓါတ်ပုံ-TR)

ဇွန်-၁၉၊၂၀၂၆။တာရာ၊သုည/People’s Spring

လူထု​ခေါင်း​ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ အာဏာသိမ်းစစ်တပ်က ရန်ကုန်မြို့ကို လုံခြုံရေးတင်းကြပ်စွာချထားတယ်လို့ ဒေသခံတွေပြောပါတယ်။

ဇွန် ၁၉ ရက်​​​နေ့မနက် အစောကတည်းကစစ်သား​တွေ၊ရဲ​တွေ ၊ စစ်တပ်လက်​အောက်ခံပျူစောထီးတွေဟာ ရပ်ကွက်တွေမှာပါ ကင်းလှည့်နေတယ်လို့ ​ဒေသခံပြည်သူ​တွေက​ပြောပါတယ်။

“မနက်က ဘေလီတံတားနားမှာအပြည့်ပဲ။ စစ်ကားတွေရော ရဲကားတွေရော။ ရပ်ကွက်တွေထဲဆိုရင်ပျူစောထီးတွေပါကင်းလှည့်နေတာ” လို့ အငှားယာဥ်မောင်းတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ပုံမှန်မရှိတတ်တဲ့ ဆူးလေလူကူးခုံးကျော်တံတားပေါ်မှာလည်းစစ်တပ်လက်​အောက်ခံ လက်နက်ကိုင်အဖွဲ့​ဝင် ၁၀ ဦးဝန်းကျင်ဟာ အရပ်ဝတ်​တွေနဲ့ စောင့်ဆိုင်းနေပြီး လူငယ်အချို့ကို စစ်​ဆေး​နေတာတွေ မြင်တွေ့ခဲ့ရပါတယ်။

အလားတူ ဘတ်စ်ကားဂိတ်မှတ်တိုင်တွေမှာလည်း အရပ်ဝတ်တွေနဲ့စောင်ဆိုင်းနေသလို လူသွားလူလာများတဲ့နေရာတွေမှာလည်းစောင့်ဆိုင်းနေတာကို မြင်တွေ့ခဲ့ရပါတယ်။

“မိုးလင်းထဲကတော့ ရဲကား၊ စစ်ကားတွေ တောက်လျှောက်ပတ်နေတယ်။ မိန်းလမ်းဆုံတွေဖြစ်တဲ့ မြေနီကုန်း၊ လှည်းတန်း၊ ဆူးလေနားမှာလည်း ရဲကားအချို့ရပ်ထားတာ တွေ့တယ်။ တချို့နေရာတွေမှာ ရဲတွေပဲ မဟုတ်ဘဲ အိမ်စီးကား၊ အရပ်ဝတ်နဲ့ လူအချို့ကိုလည်း တွေ့ရတယ်။ ဒီနေ့က အမေစု​မွေးနေ့ဆိုတော့ နှင်းဆီပန်းပန်ထားသူတွေကို အဓိကထား လိုက်ကြည့်နေတယ်လို့ ကြားပါတယ်။ ပန်းဆိုင်တွေ အနီးအနားမှာလည်း သူတို့လူတွေ ရှိနေနိုင်တော့ နှင်းဆီပန်းဝယ်မယ်ဆို သတိထားစေချင်ပါတယ်” လို့ ရန်ကုန်မြို့ သပိတ်အင်အားစုမှ တော်လှန်လူငယ်တစ်ဦးက ဆိုပါတယ်။

ဒီကနေ့ ဇွန် ၁၉ ရက်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့်မွေးနေ့ဖြစ်ပြီး ပန်းသပိတ်ဖြစ်တဲ့ နှင်းဆီ လှုပ်ရှားမှုကို ပြည်တွင်းမှာ​ရော ပြည်ပမှာပါ ပုံစံမျိုးစုံနဲ့ ဆင်နွှဲလျက်ရှိပါတယ်။

နှင်းဆီလှုပ်ရှားမှု​ ဆိုတာ စစ်အုပ်စုရဲ့မတရားဖိနှိပ်မှုတွေ၊ အဓမ္မစစ်မှုထမ်းခိုင်းမှုတွေ နဲ့ ဟန်ပြနိုင်ငံရေး ခြေလှမ်းတွေကို ပြည်သူလူထုက လုံးဝလက်မခံဘူးဆိုတာကို ပြသဖို့သပိတ်အဖွဲ့​တွေ ၊​တော်လှန်​ရေးအဖွဲ့​တွေကဦး​ဆောင်ပြုလုပ်​ပြသတဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မတိုင်ခင် အာဏာသိမ်းစစ်တပ်ဟာ သူမရဲ့ရန်ကုန်မြို့ကနေအိမ်မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ခွပ်ဒေါင်းအလံကိုဖြုတ်ချခဲ့သလို ပါတီရုံးချုပ်က ဆိုင်းဘုတ်နဲ့အလံကိုလည်း ဖြုတ်ချခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

မန္တလေး၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

​ဇွန် ၁၉၊ ၂၀၂၆ People’s Spring ​နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူတွေအတွက် လိုအပ်နေတဲ့ ဓာတ်ဆီတွေကို စုပေါင်းလှူဒါန်းခဲ့ကြကြောင်း သိရပါတယ်။ ​အဆိုပါ လှူဒါန်းမှုမှာ ပါဝင်ကူညီပေးခဲ့ကြတဲ့ အလှူရှင်တွေနဲ့ ဝိုင်းဝန်းကူညီပေးခဲ့ကြသူ အားလုံးကိုလည်း...

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ မှာဘန်ကောက်မြို့က စစ်ကောင်စီသံရုံးကို နှင်းဆီပန်း ၈၁ ပွင့် သွားရောက်ပေးတဲ့ တက်ကြွလှုပ်ရှားသူ ကိုနေရှိုင်းကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။