close
Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ကနီနယ် စစ်ရှောင်ပြည်သူတွေကို ဓာတ်ဆီ စုပေါင်းလှူဒါန်း

​ဇွန် ၁၉၊ ၂၀၂၆ People’s Spring

​နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူတွေအတွက် လိုအပ်နေတဲ့ ဓာတ်ဆီတွေကို စုပေါင်းလှူဒါန်းခဲ့ကြကြောင်း သိရပါတယ်။

​အဆိုပါ လှူဒါန်းမှုမှာ ပါဝင်ကူညီပေးခဲ့ကြတဲ့ အလှူရှင်တွေနဲ့ ဝိုင်းဝန်းကူညီပေးခဲ့ကြသူ အားလုံးကိုလည်း တာဝန်ရှိသူတွေက အထူး ကျေးဇူးတင်ရှိကြောင်း အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

လူထု​ခေါင်း​ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ အာဏာသိမ်းစစ်တပ်က ရန်ကုန်မြို့ကို လုံခြုံရေးတင်းကြပ်စွာချထားတယ်လို့ ဒေသခံတွေပြောပါတယ်။

သတင်း

မန္တလေး၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ မှာဘန်ကောက်မြို့က စစ်ကောင်စီသံရုံးကို နှင်းဆီပန်း ၈၁ ပွင့် သွားရောက်ပေးတဲ့ တက်ကြွလှုပ်ရှားသူ ကိုနေရှိုင်းကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။