close
Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်(၈၁)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် (၈.၁)မိုင် လမ်းလျှောက်လှုပ်ရှားမှု ဗြိတိန်ရောက်မြန်မာတွေ ပြုလုပ်

ဓာတ်ပုံ - Stars of Myanmar Friendship

ဇွန်-၇၊၂၀၂၆။သုည/People’s Spring

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ မြန်မာ့ဒီမိုကရေစီအရေး လိုလားသူတွေက နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်(၈၁)နှစ်မြောက်မွေးနေ့အထိမ်းအမှတ်(၈.၁)မိုင်လမ်းလျှောက်လှုပ်ရှားမှုအဖြစ် ဇွန်လ ၆ရက်က ပြုလုပ်ခဲ့ပါတယ်။

အဲဒီလမ်းလျှောက်လှုပ်ရှားမှုကို Stars of Myanmar Friendship အဖွဲ့ဝင်တွေကလုပ်ခဲ့တာ ဖြစ်ပြီး လန်ဒန်မြို့ရှိ သိမ်းမြစ်ကို ပတ်ကာ (၈.၁) မိုင်လမ်းလျှောက်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် “We Demand Proof of Life” စာသားနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံကို ကိုင်ဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေပြပေးဖို့လည်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

သြစ​တြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး စစ်တပ်ရဲ့ ဖမ်းဆီးခြင်း ခံထားရတဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ အသက် (၈၁) နှစ်မြောက် မွေးနေ့ဆုတောင်းပွဲကို မနေ့(ဇွန်လ ၆)က ပြုလုပ်ခဲ့ပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရ Global Proof Of Life Challenge အနေနဲ့ ၁ရက်အတွင်းမှာ ၈၁ ကီလိုမီတာ ပြေးမယ်လို့ ဩစတေးလျနိုင်ငံမှာနေထိုင်တဲ့ ရုပ်ရှင်မင်းသား ကျော်သူရဲ့ သမီးဖြစ်သူ ဒေါက်တာ မြင့်မိုရ်ဦးက ပြောပါတယ်။

သတင်း

စစ်တပ်ရဲ့မတရားဖမ်းဆီးခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့်မွေးနေ့ အမှတ်တရအတွက် ၈၁ ကီလိုမီတာ စကိတ်စီးသွားမယ်လို့ သားဖြစ်သူ ကင်မ်အဲရစ်(ခ)ကိုထိန်လင်း ကပြောပါတယ်။

သတင်း

ထိုင်းနဲ့ တောင်ကိုရီးယားနိုင်ငံရောက် မြန်မာတွေက နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သတင်းထောက်တွေ အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေအားလုံး လွှတ်ပေးဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၃၁) မှာပြုလုပ်ခဲ့ပါတယ်။

Facebook