close
Connect with us

Hi, what are you looking for?

သတင်း

မကွေးတိုင်းစစ်ဆင်ရေးနယ်မြေအတွင်း လမ်းပိုင်းစစ်ဆေးချိန် စစ်တပ်ရဲ့ ဗိုလ်မှူး၊ဗိုလ်ကြီးနဲ့ တပ်ကြပ်ကြီးကို ဖမ်းမိဟု ငါးပြေမတပ်ရင်း ထုတ်ပြန်

မကွေးတိုင်းက စစ်ဆင်ရေးနယ်မြေအတွင်း လမ်းပိုင်းလုံခြုံရေးဆောင်ရွက်ချိန် ဗိုလ်မှူး၊ ဗိုလ်ကြီး နဲ့ တပ်ကြပ်ကြီး ၁ဦးတို့ကို ဖမ်းဆီးမိခဲ့တယ်လို့ သရက်ခရိုင် အမှတ်(၃) ငါးပြေမတပ်ရင်းက ထုတ်ပြန်ပါတယ်။

(ဖမ်းမိတဲ့ စစ်တပ်ရဲ့ ဗိုလ်မှူး၊ဗိုလ်ကြီးနဲ့ တပ်ကြပ်ကြီးကို တွေ့ရစဉ်။ ဓာတ်ပုံ - ငါးပြေမ ပြောက်ကျားတပ်ဖွဲ့)

ဇွန်-၄၊၂၀၂၆၊ရှိန်း/ People’s Spring

မကွေးတိုင်းက စစ်ဆင်ရေးနယ်မြေအတွင်း လမ်းပိုင်းလုံခြုံရေးဆောင်ရွက်ချိန် ဗိုလ်မှူး၊ ဗိုလ်ကြီး နဲ့ တပ်ကြပ်ကြီး ၁ဦးတို့ကို ဖမ်းဆီးမိခဲ့တယ်လို့ သရက်ခရိုင် အမှတ်(၃) ငါးပြေမတပ်ရင်းက ထုတ်ပြန်ပါတယ်။

ဇွန်လ ၁ရက်က လမ်းပိုင်းစစ်ဆင်ရေးလုပ်ဆောင်နေချိန်မှာ ကားနဲ့လာတဲ့ ဗိုလ်မှူး အောင်ဖြိုးဝေ ၊ဗိုလ်ကြီးပြည့်စုံအောင်၊ တပ်ကြပ်ကြီးစာရေး မျိုးဦးတို့ကို ပစ်စတို ၉လက်၊ကျည်ဘောက် ၃၈ခု၊ဖုန်း ၃လုံး၊9MM HPFN Brownတို့ နဲ့အတူ ဖမ်းမိခဲ့တာလို့ သိရပါတယ်။

“လမ်းပိုင်းကိုက လုံခြုံ​​ရေးအရ ဖော်ပြပါဘူးဗျ။ကျန်တာကတော့ ထုတ်ပြန်ထားတဲ့အတိုင်းပါပဲ”လို့ ငါးပြေမတပ်ရင်းက ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

(ဖမ်းမိတဲ့ စစ်တပ်ရဲ့ ဗိုလ်မှူး၊ဗိုလ်ကြီးနဲ့ တပ်ကြပ်ကြီးကို တွေ့ရစဉ်။ ဓာတ်ပုံ – ငါးပြေမ ပြောက်ကျားတပ်ဖွဲ့)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ မကွေးတိုင်းစစ်ဌာနက မေလနဲ့ ဇွန်လပထမအပတ် စစ်ဆင်ရေးတွေဖော်ဆောင်မှုအတွင်း တိုက်ပွဲ အကြိမ် ၄၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်တပ်က ၃၀ ကျော် သေဆုံးကာ ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအပါအဝင် သုံ့ပန်းအဖြစ် ၁၈ ဦး ဖမ်းမိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က ဒီကနေ့ ဇွန်လ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။

မကွေးတိုင်းစစ်ဌာနအတွင်းရှိ စစ်ဆင်ရေးအခြေအနေများကို ဒီကနေ့မှာ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

မေလ ဒုတိယအပတ်နဲ့ ဇွန်လ ပထမပတ်အတွင်း မကွေးတိုင်းစစ်ဌာနကွပ်ကဲမှု အောက်ရှိ စစ်ဆင်ရေးနယ်မြေ အသီးသီးမှာ စစ်တပ်နဲ့ တိုက်ပွဲကြီးငယ်ပေါင်း (၄၃) ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်သူ့ တပ်သား (၃၁) ဦး သေဆုံးကာ (၅၂) ဦး ထိခိုက်ဒဏ်ရာ ရရှိပြီး ဗိုလ်မှူး (၁) ဦး နဲ့ ဗိုလ်ကြီး (၁)ဦး အပါအဝင် သုံ့ပန်း (၁၈) ဦး ဖမ်းမိထားတယ်လို့ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်က သမှုန်းကုန်းကြီးကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊မြိုင်မြို့နယ်က အာဏာသိမ်းစစ်တပ် အထိုင်ချထားတဲ့ ပျူစောထီးကျေးရွာကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မေ -၁၆၊၂၀၂၆။မိုမို/People’s Spring တကောင်း၊ ထီးချိုင့်၊ အင်းတော်နဲ့ ကသာ စစ်ဆင်ရေးနယ်မြေတွေအတွင်း ဝင်ရောက်လာတဲ့ စစ်တပ်ကို FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒီကနေ့ မေလ ၁၆ရက်မှာ ထုတ်ပြန်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေနဲ့...

ဆောင်းပါး

အထူးသဖြင့် မကွေးတိုင်း ရဲ့ ပဲခူးတိုင်းဆက်စပ်ဒေသတွေမှာရှိတဲ့ ကပစတွေအနီးအထိ AAနဲ့မဟာမိတ်‌တွေ ခြေချပြီးသားဖြစ်နေပြီး စစ်ရှိန်မြှင့်နေပြီဖြစ်ပါတယ်။