close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်ဟာ ပြိုင်ဘက်ဖြစ်သလို အလေးထားရမယ့် မိတ်ဖက်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးပြော

တရုတ်ဟာ အမေရိကန်ရဲ့ အဓိက ပြိုင်ဘက် ဖြစ်သလို အမေရိကန်က ဆက်ဆံရေး တည်ဆောက်ဖို့ အရေးအကြီးဆုံး လိုအပ်တဲ့ နိုင်ငံလည်း ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ- Getty Images

တရုတ်ဟာ အမေရိကန်ရဲ့ အဓိက ပြိုင်ဘက် ဖြစ်သလို အမေရိကန်က ဆက်ဆံရေး တည်ဆောက်ဖို့ အရေးအကြီးဆုံး လိုအပ်တဲ့ နိုင်ငံလည်း ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက ပြောကြားခဲ့ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်ကို အကြောင်းပြုပြီး Fox သတင်းဌာနနဲ့ အင်တာဗျူးမှာ ရူဘီရိုက တရုတ်ဆိုတာ အမေရိကန်ရဲ့ အဓိက ပထဝီဝင် နိုင်ငံရေး ပြိုင်ဘက် ဖြစ်သလို ဆက်ဆံရေး တည်ဆောက်နိုင်အောင် အမေရိကန်က အရေးအကြီးဆုံး စီမံကိုင်တွယ်ရမယ့် နိုင်ငံလည်း ဖြစ်တယ်လို့ မှတ်ချက်ပေးသွားခဲ့တာ ဖြစ်ပါတယ်။

လူတွေက တရုတ်ဟာ အမေရိကန်ရဲ့ ပထဝီဝင် နိုင်ငံရေး အဓိက ရန်သူအဖြစ် ရှုမြင်ကြကြောင်း၊ အဲဒါက မမှားကြောင်း၊ တရုတ်ဟာ ပထဝီဝင် နိုင်ငံရေးအရ အမေရိကန်အတွက် အကြီးဆုံး စိန်ခေါ်မှု ဖြစ်နေသလို တခြားတစ်ဖက်မှာလည်း အမေရိကန် သေချာစီမံ ခန့်ခွဲရမယ့် ဆက်ဆံရေး ကဏ္ဍအတွက် အရေးအကြီးဆုံး နိုင်ငံ ဖြစ်နေပြန်ကြောင်း ရူဘီရိုက ဆိုပါတယ်။

တရုတ်ဟာ လှပပြီး ကြီးမားတဲ့ နိုင်ငံတစ်ခု၊ ဆက်ပြီး ကြီးထွား တိုးတက်လာမယ့် နိုင်ငံတစ်ခုဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာပဲ အမေရိကန်ရဲ့ အကျိုးစီးပွားနဲ့ တရုတ်ရဲ့ အကျိုးစီးပွားကြားမှာ ရှုပ်ထွေးမှုတွေ ရှိလာနိုင်ကြောင်း၊ စစ်ပွဲတွေကို ရှောင်ပြီး ကမ္ဘာကြီး တည်ငြိမ်မှုကို ဆက်လက် ထိန်းသိမ်းဖို့အတွက် အဲဒီလို ပွတ်တိုက်မှုတွေကိုတော့ ရှောင်ရှားဖို့လိုကြောင်း ရူဘီရိုက မှတ်ချက်ပေးသွားပါတယ်။

Public Service Announcement

Public Service Announcement

တစ်ချိန်တည်းမှာပဲ တရုတ်နဲ့ အမေရိကန်ကြား ပူးပေါင်း ဆောင်ရွက်နိုင်မယ့် အခန်းကဏ္ဍတွေလည်း ရှိနိုင်ပြီး အဲဒီ အခြေအနေတွေကို မျက်ကွယ်ပြုလိုက်မိတာမျိုး မဖြစ်အောင် သေချာလုပ်ဆောင်ဖို့ အရေးကြီးကြောင်းလည်း ရူဘီရိုက ပြောပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်း တိုက်ခိုက်မှုအပြီး အီရန်က ဟောမုဇ် ရေလက်ကြားကို ပိတ်ထားလိုက်ပါတယ်။ ရူဘီရိုကတော့ အဲဒီ မဟာဗျူဟာ ရေလမ်းကြောင်း ပြန်ဖွင့်နိုင်ရေးအတွက် တရုတ်ဆီက ပိုပြီး တက်ကြွတဲ့ ပူးပေါင်းပါဝင်မှုမျိုးမျှော်လင့်ထားကြောင်း ဆိုပါတယ်။

ဒီကိစ္စကို ဖြေရှင်းနိုင်ရေးဟာ တရုတ်ရဲ့ အကျိုးစီးပွားနဲ့လည်း ဆက်နွှယ်နေကြောင်း၊ ပါရှန်း ပင်လယ်ကွေ့ တဝိုက်မှာ အီရန်က လောလောဆယ် လုပ်ထားတဲ့ ကိစ္စတွေကို ပြန်ရုပ်သိမ်းသွားအောင် တရုတ်က ညှိနှိုင်း စည်းရုံးပေးနိုင်ဖို့ အမေရိကန်က လိုလားကြောင်း ရူဘီရိုက ဆက်ပြောပါတယ်။ တရုတ်ဟာ အီရန်နဲ့ နွေးထွေးတဲ့ ဆက်ဆံရေးမျိုး ရှိနေပြီး အီရန်ရေနံတွေကို အများဆုံး ဝယ်ယူနေတဲ့ မိတ်ဖက်နိုင်ငံလည်း ဖြစ်ပါတယ်။

ဟောမုဇ် ရေလက်ကြား အပိတ်ခံထားရတဲ့အတွက် အထိအနာဆုံးက အာရှတိုက်ဖြစ်ကြောင်း၊ ဘာကြောင့်လဲဆိုတော့ အာရှတိုက်ဟာ စွမ်းအင်ကဏ္ဍအတွက် အဲဒီ ရေလက်ကြားအပေါ် ကြီးကြီးမားမား မှီခိုနေရလို့ဖြစ်ကြောင်း ရူဘီရိုက ထောက်ပြသွားပါတယ်။

ကိုးကား: Fox

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နဲ့ အမေရိကန်တို့ဟာ ကမ္ဘာကြီး တည်ငြိမ်ရေးအတွက် အတူလက်တွဲ အလုပ်လုပ်သင့်ကြောင်း ဧည့်သည်တော် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ တွေ့ဆုံချိန်မှာ တရုတ် သမ္မတ ရှီကျင့်ဖျင်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ အိမ်ရှင်နိုင်ငံရဲ့ သမ္မတ ရှီကျင့်ဖျင်နဲ့ ဒီနေ့ စတင်တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်မှာ အမေရိကန် ထိပ်တန်း လုပ်ငန်းစုတွေရဲ့ အကြီးအကဲတွေ၊ အမှုဆောင်ချုပ်တွေလည်း လိုက်ပါသွားကြပါတယ်။

နိုင်ငံတကာ

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာဒီနေ့ ( မေလ ၁၃ရက် )ညနေပိုင်းမှာ တရုတ်နိုင်ငံ၊ဘေကျင်းမြို့တော်ဆီသမ္မတစီးတော်ယာဉ် Airforce One လေယာဉ်နဲ့ ရောက်ရှိလာပါတယ်။

Facebook