close
Connect with us

Hi, what are you looking for?

သတင်း

မဘိမ်းမြိုနယ်မှာ KIA နဲ့ စစ်တပ်ကြားလက်နက်ကြီး၊ ဒရုန်းတိုက်ပွဲ ပြင်းထန်နေ

မဘိမ်းမြို့နယ်ထဲမှာ လက်နက်ကြီး၊ ဒရုန်းတွေနဲ့တိုက်ပွဲအပြန်အလှန်ဖြစ်ပွားနေပြီး ဒေသခံတွေအနေနဲ့လုံခြုံရေးသတိပြုနေထိုင်ကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

(KIAဦး​ဆောင်တဲ့ တော်လှန်​ရေးတပ်​တွေကမဘိမ်းမြို့ကို ၂၀၂၄ ဇန်နဝါရီလကသိမ်းပိုက်ခဲ့စဥ်။ဓါတ်ပုံ-CJ )

​မေ-၁၀၊၂၀၂၆။ဇော်ရမ်း/People’s Spring

မဘိမ်းမြို့နယ်ထဲမှာ လက်နက်ကြီး၊ ဒရုန်းတွေနဲ့တိုက်ပွဲအပြန်အလှန်ဖြစ်ပွားနေပြီး ဒေသခံတွေအနေနဲ့လုံခြုံရေးသတိပြုနေထိုင်ကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

KIA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းကမဘိမ်းမြို့နယ်အတွင်းလက်ရှိစစ်ရေးအခြေအနေကို​မေးမြန်းတဲ့အခါ ဗိုလ်မှူးကြီးနော်ဘူက မေလ‌၉ရက် ညနေပိုင်းမှာ အသိပေးတာဖြစ်ပါတယ်။

“ ရွှေကူကိုကြတော့ စစ်ကြောင်းတွေဝင်လာတာရှိတယ်။ မဘိမ်းမြို့နယ်မှာကကြတော့ လက်နက်ကြီး‌‌ တွေပစ်ခတ်သလို ဒရုန်းတွေနဲ့လည်း အပြန်အလှန်တိုက်ပွဲ ဖြစ်နေတယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

မဘိမ်းမှာ မြေပြင်တိုက်ပွဲတွေမဖြစ်ပွားသေးပေမယ့်လက်ရှိစစ်ရေးအခြေအနေအရ စိုးရိမ်စရာဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

“ ကျွန်မတို့ကအဓိကစစ်တပ်စစ်ကြောင်းတွေကိုကြောက်တာ။သူတို့က မြင်သမျှ ရန်သူဆိုပြီးလုပ်တာ။ စစ်တပ် လမ်းကြောင်းသတင်းကိုပဲစောင့်ကြည့်နေရတယ်” လို့ ဒေသခံမျိုးသမီးတဦးကပြောပါတယ်။

မဘိမ်းမြို့ဟာရှမ်းပြည်နယ်ထဲက မိုးမိတ်၊ ကချင်ပြည်နယ်ထဲက ရွှေကူ၊ စစ်ကိုင်းတိုင်းထဲက ကသာမြို့နယ်နဲ့လည်း ဆက်စပ်နေပါတယ်။ ကသာနဲ့ မဘိမ်းမြို့ကြားမှာ ငါးအိုးရွာတည်ရှိပြီး စစ်တပ်ရဲ့ ခလရ(၁၂၁)တပ်ရင်းတပ်စွဲထားပါတယ်။မဘိမ်းမြို့ကို KIA ၊PDF နဲ့ ABSDF နဲ့ ပူးပေါင်းတပ်တွေက ၂၀ ၂၄ ဇန်နဝါရီလကအပြီးသတ်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

မဘိိမ်းမြို့နယ်အတွင်းမှာ တိုက်ပွဲတွေဖြစ်လာနိုင်တာကြောင့် ဒေသခံပြည်သူတွေရှောင်တိမ်းကြဖို့ KIA မေလဆန်းမှာ သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊နတ်မောက်မြို့နယ်မှာ စစ်တပ်က အင်အားနဲ့ ခဲယမ်းတွေထပ်ဖြည့်နေပြီး စစ်ကြောင်းပြန်ထိုးနေတယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်က ဒီကနေ့ မေလ ၁၀ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်တပ်က ဒီကနေ့ မေလ ၉ရက် ညနေပိုင်းမှာ လူငယ် ၂၀ကျော် ဖမ်းဆီးပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်မြောက်ပိုင်း၊တီးတိန်မြို့ကိုစစ်လက်နက်ခဲယမ်း၊လူအင်အား ဖြည့်တင်းနေတဲ့စစ်ကောင်စီတပ်ရဲ့လက်နက်ခဲယမ်းတင်ယာဉ်တစ်စီး ဒီနေ့ မေလ ၉ရက်မှာတီးတိန်မြို့ပေါ်မှာမီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်အပြီးမှာ ကယ်ဆယ်ရေးလုပ်သူတွေကို ထပ်မံ ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်က ပြောကြားပြီး ဒီလို ပစ်မှတ်ထား တိုက်ခိုက်တာကို သတိရှိဖို့ လူစုလူဝေး တက်နိုင်သမျှ ရှောင်ဖို့ သတိပေးထားပါတယ်။

Facebook