close
Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော်မြို့နယ်မှာမောင်နှမသုံးဦးချောင်းအတွင်းရေချိုးရင်းရေနစ်သေဆုံး

ကရင်နီပြည်နယ်၊လွိုင်ကော်မြို့နယ်မှာ မောင်နှမသုံးဦး ချောင်းအတွင်း ရေချိုးရင်း ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတချို့နဲ့ ကူညီကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူတွေက ပြောပါတယ်။

(ချောင်းအတွင်း ရေနစ်သေဆုံးတဲ့ ကလေးတွေကို ဆယ်ယူရှာဖွေနေစဉ်။ ဓာတ်ပုံ - CJ)

မေ -၁၀၊၂၀၂၆။မိုမို/People’s Spring

ကရင်နီပြည်နယ်၊လွိုင်ကော်မြို့နယ်မှာ မောင်နှမသုံးဦး ချောင်းအတွင်း ရေချိုးရင်း ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတချို့နဲ့ ကူညီကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူတွေက ပြောပါတယ်။

ဒီကနေ့(​မေလ ၁၀ ရက်) မနက် ၁၁နာရီဝန်းကျင်ကမထောခူကျေးရွာအနီးကသဲချောင်းမှာ ရေဆင်းချိုးရင်း ရေနစ်ပြီး မောင်နှမသုံးဦးလုံး သေဆုံးခဲ့တာလို့ ဆိုပါတယ်။

“ ချောင်းလို့သာ ပြောတာ။ရေသေဖြစ်နေတဲ့နေရာပါ။ဖြစ်ချင်းတော့ ကောင်မလေးက ရေမကူးတက်ဘူး။သူ စနစ်ပြီး ကျန်တဲ့ကလေးနှစ်ယောက်က လိုက်ဆယ်ရင်း ပါသွားကြတာ” လို့ ကယ်ဆယ်ရေးလုပ်ခဲ့သူက ဖြစ်စဥ်ကို ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

ရေနစ်သေဆုံးသူတွေဟာ အသက်(၁၈)နှစ်အရွယ် မတင်တင်စန်းဦး၊ အသက်(၁၉)နှစ်အရွယ်မောင်စိုးသီးဟ နဲ့ အသက် (၂၀)အရွယ် မောင်ရဲလင်းအောင်တို့ ဖြစ်ပြီး ရုပ်အလောင်းတွေကို နေ့လယ် ၁ နာရီခွဲဝန်းကျင်မှာ ရှာဖွေတွေ့ရှိတယ်လို့ အသိပေးပါတယ်။

“ ကလေးတွေက တဝမ်းကွဲမောင်နှမတွေ အရင်မော်ချီးမှာနေကြပြီးအခု လွိုင်ကော် နမ့်ဘော်ဝမ်ရပ်ကွက်မှာနေကြတာ” လို့ လွိုင်ကော်မြို့နေသူတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ သုံးရက်ကလည်း လွိုင်ကော်မြို့၊ ဘီလူးချောင်းထဲမှာ လူသေအလောင်းတွေ့ရှိခဲ့တာအပြင် ဧပြီ ၂၇ ရက်ကလည်း အမျိုးသားရုပ်အလောင်းတွေ့ရှိလို့ ဆယ်ယူသဂြိုလ်ခဲ့ရတယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းတချို့က အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ချင်းတွင်းမြစ်ဆိပ်မှာ ဒီကနေ့ညနေပိုင်းက ကလေးတွေရေဆင်းချိုးရာကနေ ၅ ဦးရေနစ်ပြီး ၂ ဦးကယ်နိုင်ခဲ့ကာ ၃ ဦးပျောက်ဆုံးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ခြမ်းမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲဖြစ်ပွားနေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မြန်မာ-ထိုင်းနယ်စပ်က နာမည်ဆိုးနဲ့ကျော်ကြားတဲ့ KK Park ကျားဖြန့်အလုပ်ရုံတွေကနေ ထွက်ပြေးကြတဲ့ ရာနဲ့ချီတဲ့ နိုင်ငံခြားသားတွေ သောင်ရင်းမြစ်ဖြတ်ကူးရာ နိုင်ငံခြားသား ၂ဦးရေနစ်သေဆုံးမှုဖြစ်ခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊လွိုင်ကော်မြို့နယ်တွင် ယနေ့နံနက်ပိုင်း၌တိုက်ပွဲဖြစ်နေကြောင်းဒေသခံနှင့်စစ်ရေးသတင်းရင်းမြစ်အချို့ကလူထုနွေဦးသို့ပြောသည်။

Facebook