close
Connect with us

Hi, what are you looking for?

သတင်း

ကဘောတူစခန်းသိမ်းတိုက်ပွဲ လက်နက် ၂၀ခန့် KNU ပူးပေါင်းတပ် သိမ်းရ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) ဖာပွန်(မူတြော်)ခရိုင်ရှိ ကဘောတူစစ်ကောင်စီတပ်စခန်း ကို ဧပြီ ၂၅ရက်မှာ သိမ်းပိုက်နိုင်ခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးတာ၊ လက်နက်ကြီးလက်နက်ငယ်နဲ့ ကျည်ခဲယမ်းတွေ သိမ်းရတာ ရှိခဲ့ကြောင်း ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

ကဘောတူစစ်ကောင်စီတပ်စခန်းက သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - Thunder Kawthoolei

ဧပြီ ၂၇၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) ဖာပွန်(မူတြော်)ခရိုင်ရှိ ကဘောတူစစ်ကောင်စီတပ်စခန်း ကို ဧပြီ ၂၅ရက်မှာ သိမ်းပိုက်နိုင်ခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးတာ၊ လက်နက်ကြီးလက်နက်ငယ်နဲ့ ကျည်ခဲယမ်းတွေ သိမ်းရတာ ရှိခဲ့ကြောင်း ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်ထံက သိမ်းရတဲ့ မှတ်တမ်းဓာတ်ပုံနဲ့ သိမ်းပိုက်ရရှိတဲ့ တပ်စခန်းကို ရှင်းလင်းရေးလုပ်ဆောင်နေတဲ့ ရုပ်သံအရ လက်နက် မျိုးစုံ ၁၈လက်ထက်မနည်း ရရှိခဲ့သလို စစ်ကောင်စီတပ်သားအချို့ရဲ့ အလောင်းတွေကိုလည်းတွေ့ရပါတယ်။

ဒါအပြင် စစ်သားအချို့ စခန်းကနေထွက်ပြေးသွားတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ ကဘောတူတပ်စခန်းသိမ်းပိုက်နိုင်မှုကို KNU တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက အတည်ပြုထားပါတယ်။

ကဘောတူတပ်စခန်းဟာ KNU တပ်မဟာ(၃)နဲ့ တပ်မဟာ(၅) နယ်စပ် မူတော်ခရိုင်လူသောနဲ့ ကျောက်ကြီးမြို့နယ်အစပ်မှာ တည်ရှိတယ်လို့ ဆိုပါတယ်။

KNU တပ်မဟာ(၅)နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီ တပ်စခန်း တခုပြီးတခု သိမ်းပိုက်ခဲ့ရာ ၅နှစ်တာအတွင်းတပ်စခန်း ၇၀နီးပါးသိမ်းရခဲ့ပြီး လက်ရှိ တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင်မှာ စစ်ကောင်စီတပ်စခန်း ၁၀ခုသာကျန်တော့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) နယ်မြေ ဖာပွန်ခရိုင်မှာ စစ်ကောင်စီတပ်စခန်း ၁၁ခုသာ ကျန်ရှိတော့ကြောင်း တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောကြားခဲ့ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်(မူတြော်ခရိုင်)အတွင်း မြန်မာ-ထိုင်းနယ်စပ် တနေရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ထပ်မံလုပ်ဆောင်ခဲ့ကြောင်း KNU တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင် (မူတြော်) ၊ KNU တပ်မဟာ (၅) နယ်မြေ ထိုင်းနယ်စပ်အနီးကအူးမယ်ထာကျေးရွာကိုဒီနေ့ ( ဧပြီလ ၂၀ ရက်​)မနက်ပိုင်းမှာစစ်ကောင်စီလေတပ်ကဗုံးကြဲတိုက်ခိုက်လာတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးစောကလယ်ဒိုက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁) နယ်မြေ သထုံခရိုင် ဖားအံ(ဘားအံ) မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်း တိုက်ခိုက်တာ၊ လက်နက်ကြီး ပစ်ခတ်တာတွေ လုပ်ဆောင်လျက်ရှိကြောင်း သထုံခရိုင် သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။