close
Connect with us

Hi, what are you looking for?

သတင်း

PDF ရဲဘော်တွေအတွက် စစ်ကိုင်းဆီသို့ကမ်ပိန်းက ကျည်ကာတွေထောက်ပို့

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်တွေအတွက် “စစ်ကိုင်းဆီသို့” ကမ်ပိန်းမှ ထောက်ပို့တဲ့ကာကွယ်ရေးပစ္စည်းများ လက်ခံရရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - MOD

ဧပြီ ၂၇၊ ၂၀၂၆။ ထားမြတ်/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်တွေအတွက် “စစ်ကိုင်းဆီသို့” ကမ်ပိန်းမှ ထောက်ပို့တဲ့ကာကွယ်ရေးပစ္စည်းများ လက်ခံရရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

PDF စစ်ကိုင်းတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များအတွက် “စစ်ကိုင်းဆီသို့”မှ ထောက်ပို့ကူညီသော ကာကွယ်ရေးပစ္စည်းများဖြစ်သည့် ကျည်ကာများ၊ ဦးထုပ်များ မြေပြင်တပ်ရင်းတပ်ဖွဲ့များထံသို့ ရောက်ရှိပြီဟု မှတ်တမ်းဓာတ်ပုံတွေ ဖော်ပြပါတယ်။

ကူညီထောက်ပို့မှုအတွက် Forward Myanmar အဖွဲ့နဲ့ တော်လှန်ပြည်သူများအား ကျေးဇူးတင်ဂုဏ်ပြုကြောင်း ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

Forward Myanmar အဖွဲ့ အနေနဲ့ ဆီသို့လှမ်းချီ တနင်္သာရီ ကမ်ပိန်း၊ Road to Mandalay-ထိုးစစ်ထောက်ပို့မန်းတိုင်းသို့ကမ်ပိန်းစတဲ့ ကမ်ပိန်းတွေ ပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာ တိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ ရဲဘော်တွေဆီသို့ ထောက်ပံ့မှု တွေပြုလုပ်ထားပါတယ်။

လက်ရှိမှာ Rode to Irrawaddy (ဆီသို့လှမ်းချီ တိုင်းဧရာ၀တီ) ကမ်ပိန်း ပြုလုပ်လျက်ရှိပြီး တတပ်တအား ပါဝင်ပေးဖို့ တော်လှန်ပြည်သူတွေကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၇ရက်မှာ နှိုးဆော်ထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊ တပ်ဖွဲ့များကို စစ်စည်းကမ်း၊ စစ်ဥပဒေ လိုက်နာသည့် တပ်၊ လက်နက်တပ်ဆင်မှု စနစ်ကျသည့်တပ် ဖြစ်လာစေဖို့ ကာကွယ်ရေးဝန်ကြီးဌာနက လေ့ကျင့် တပ်ဆင်လျက်ရှိကြောင်းလည်း ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်နဲ့ စစ်ကိုင်းမြို့နယ်က ကျေးရွာ ၃ရွာကို စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသား တစ်ဦး သေဆုံးပြီး ၂ဦးဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ဧပြီ-၂၀၊၂၀၂၆၊ရှိန်း/People’s Spring စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်နဲ့ စစ်ကိုင်းမြို့နယ်က ကျေးရွာ ၃ရွာကို စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသား တစ်ဦး သေဆုံးပြီး ၂ဦးဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဝက်လက်မြို့နယ်က မင်းဂန်ရွာနဲ့ စစ်ကိုင်းမြို့နယ်၊သာစည်နဲ့ ရွှေစည်းခုံရွာ​တွေကို စစ်တပ်ကဧပြီ ၁၉ရက် ည ၁၂နာရီ ကျော်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာလို့...

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံးလွတ်မြောက်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်း၊ မန္တလေးနှင့် မကွေး ဖက်ဒရယ်ယူနစ်/ဒေသများ၊ CRPH၊ NUG ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဌာနနဲ့ ကြားကာလ စွမ်းဆောင်ရည်မြှင့်တင်ရေး အစီအစဉ် (ICBP) တို့ နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်ပါတယ်။