close
Connect with us

Hi, what are you looking for?

သတင်း

လေယာဥ်ဗုံးတွေထုတ်လုပ်တဲ့ ကပစ(၂၁)ကို မကွေးတိုင်းပကဖ ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်

မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်က လေယာဥ်ဗုံးတွေ ထုတ်လုပ်နေတဲ့ အမှတ်(၂၁) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၁)ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက ပြောပါတယ်။

ဧပြီ-၁၉ ၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်က လေယာဥ်ဗုံးတွေ ထုတ်လုပ်နေတဲ့ အမှတ်(၂၁) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၁)ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက ပြောပါတယ်။

နိုင်ငံအနှံ့ လေကြောင်းကနေ ဗုံးကြဲသတ်ဖြတ်နေမှုတွေမှာ အဓိကအခန်းကဏ္ဍက ပါဝင်နေတဲ့ ထောက်တိုင်စက်ရုံဖြစ်တဲ့ ကပစ(၂၁)ကို ပစ်မှတ်ထားပြီး ဒီကနေ့(ဧပြီ ၁၉ ရက်)မှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ပေါင် ၃၀၀၊ ၅၀၀နဲ့ ၁,၀၀၀ ဗုံးသီးတွေ နဲ့ Cluster ဗုံး(ထပ်ဆင့်ပေါက်ကွဲတဲ့အင်အားပြင်းဗုံး)တွေအပြင် ဒရုန်းဗုံးသီးတွေကိုပါ ကပစ(၂၁)က ထုတ်လုပ်နေတာလို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင့် စစ်တပ်ရဲ့ နိုင်ငံအနှံ့ ထိုးစစ်၊ ခံစစ်တွေလျော့နည်းသွားစေဖို့ ရည်ရွယ်ချက်နဲ့ လူထုအပေါ် ဗုံးကြဲသတ်ဖြတ်နေမှုကို လျှော့ချနိုင်ရန်အတွက် ကပစ(၂၁)ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ လက်လုပ် ရော့ကတ်အလုံး ၄၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

စစ်တပ်ရဲ့ ထိခိုက်ဆုံးရှုံးမှု အခြေအနေကိုအတည် ပြုနေဆဲဖြစ်ပြီး စိစစ်အတည်ပြုနိုင်တဲ့အချိန်မှာ သတင်းထုတ်ပြန်မယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကွပ်ကဲလမ်းညွှန်ချက်တွေနဲ့ မကွေးတိုင်း အတွင်း နယ်မြေစိုးမိုးမှုတွေ ရရှိဖို့၊အချက်အချာမြေနဲ့ ဗျူဟာလမ်းပိုင်းတွေ ထိန်းချုပ်နိုင်ဖို့အတွက် ပြည်သူ့စစ်မဟာဗျူဟာအပါအဝင် စစ်တပ်ကို အကြီးအကျယ်အထိနာစေမယ့်ပစ်မှတ်တွေဖြစ်တဲ့ မန်း – သမ္ဘရာကန် လေယာဥ်ဆီချက် စက်ရုံ၊ ဝါဇီ ငွေစက္ကူထုတ် စက်ရုံ၊ ကပစတွေကို တိုက်ခိုက် ဆောင်ရွက်ခဲ့တယ်လို့ မကွေးတိုင်းပကဖက ပြောပါတယ်။

အဲဒီလို တိုက်ခိုက်မှုတွေကို စစ်ရေးရည်မှန်းချက်၊ နိုင်ငံရေးရည်မှန်းချက်တွေနဲ့ အညီဆက်လက်တိုက်ခိုက်သွားမယ်လို့ အသိပေးပါတယ်။

ဆိပ်ဖြူမြို့နယ်မှာ စစ်တပ်ရဲ့ကာကွယ်ရေးပစ္စည်းရုံး ကပစ (၂၁၊ ၂၂)နဲ့ အမှတ်(၉)လေကြောင်းရန်ကာ ကွယ်ရေးကွပ်ကဲမှုစစ်ဆင်ရေးဌာနချုပ်(လစခ)တို့ရှိပါတယ်။

စစ်ရေးအချက်အလက်တွေအရ အမှတ် (၂၁)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၁)ဟာ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကန်ဇွန်းမကျေးရွာအနီးမှာတည်ရှိပြီး စစ်ကောင်စီရဲ့ အဓိက လေယာဉ်ဗုံး ထုတ်လုပ်တဲ့ စက်ရုံဖြစ်ပါတယ်။

အမှတ် (၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၂ )က အသေးစားလက်နက်တွေ ထုတ်နေတာလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်းက မင်းတုန်းမြို့မရဲစခန်းနဲ့ စစ်တပ်စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့တိုက်ခိုက်မှုမှာ စစ်တပ်က သေဆုံးမှုအချို့ရှိတယ်လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက ဒီကနေ့ သင်္ကြန်အကြတ်နေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် စစ်တပ်စခန်းကနေ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ခဲယမ်းတွေယူပြီး ထွက်ပြေးလာတယ်လို့ ဒေသတွင်းတော် လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း စေတုတ္တရာမြို့နယ်ထဲက စစ်တပ်ဂိတ်စခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်ရှစ်ဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့သိမ်းဆည်းနိုင်ခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် - အရှို (CDF - Asho)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူ - ရေစကြိုလမ်းပိုင်းမှာ စစ်တပ်နဲ့ ဆက်နွယ်တဲ့ အရက်ဘီယာတွေ တင်ဆောင်လာတဲ့ ကုန်တင်ယာဉ်တစ်စီးကို ဖမ်းဆီးရရှိတယ်လို့ Southern YSO PDFက ဒီကနေ့ ဧပြီ ၁၁ရက်မှာ ထုတ်ပြန်ပါတယ်။

Facebook