close
Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ကျဥ်းအားလုံးလွှတ်ပေးဖို့ စစ်ကိုင်းတိုင်းက ပြည်သူတွေ ဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးဖို့ ဆန္ဒပြလှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၈)မှာ ပြုလုပ်ခဲ့ပါတယ်။

ဧပြီ-၁၈၊၂၀၂၆။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးဖို့ ဆန္ဒပြလှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၈)မှာ ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ သပိတ်ဦးဆောင်ကော်မတီက ဟံသာဝတီ ဦးဝင်းတင်ကွယ်လွန်ခြင်း (၁၂)နှစ်ပြည့် အမှတ်တရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ရေး အရေးတော်ပုံ အောင်နိုင်ရေးအတွက် Blue Shirt Campaign လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။

နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးဟာ ပြည်သူတရပ်လုံး လွတ်မြောက်ရေးနဲ့ စစ်အာဏာရှင်စနစ် ကျဆုံးရေးအထိ အရေးပါတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့ ဖိနှိပ်မှုကို ငြိမ်ခံမနေဘဲ ရရာနည်းလမ်းနဲ့ တိုက်ပွဲဝင်ဖို့ ကနီမြို့နယ်သပိတ်ဦးဆောင်ကော်မတီက တိုက်တွန်းခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ်မှာလည်း ကျေးရွာပေါင်းစုံသပိတ်ကော်မတီဝင်တွေက “ Free All Political Prisoners” စာသားနဲ့ အဓမ္မ ဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းလွှတ်ဖို့ တောင်းဆိုဆန္ဒပြခဲ့ပါတယ်။

မြောင်မြို့နယ်မှာလည်း တော်လှန်ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးလွှတ်ပေးရေးအတွက် ဆန္ဒပြလှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နှစ်ဆန်းတစ်ရက်နေ့မှာ အကျဥ်းသားပေါင်း လေးထောင်ကျော် လွှတ်မယ်လို့ ကြေညာထားပေမဲ့ လက်တွေ့မှာ ၁၆၀၀ ကျော်သာ လွတ်မြောက်လာပြီး နိုင်ငံရေးအကျဥ်းသား ၂၈၀ကျော်သာ ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အာဏာရှင်တွေက မတရားဖမ်းဆီးထားတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားအချို့ မိသားစုနဲ့ ပြန်ဆုံဆည်းရတာကိုဝမ်းမြောက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သဘောထား ထုတ်ပြန်ခဲ့ပြီး တော်လှန်ရေးပန်းတိုင်နဲ့ အောင်မြင်မှုတွေ ရရှိတဲ့အထိ တိုက်ပွဲဝင်မယ်လို့ ထုတ်ပြန်ပါတယ်။

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ ဒီနေ့မှာလည်း ဘာသတင်းအချက်အလက်မှ မရရှိသေးဘူးလို့ NLD ပါတီဗဟိုအလုပ်အမှု​ဆောင်အဖွဲ့ဝင်တဦးကပြောပါတယ်။

သတင်း

၂၀၂၁ နွေဦးတော်လှန်ရေးကာလအတွင်း စစ်တပ်ရဲ့မတရားဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေစုပေါင်းပြီး "နွေဦးနိုင်ငံရေးအကျဉ်းသားများ အစည်းအရုံး" ကို ဧပြီ ၁၇ ရက်မှာ အသစ်စတင်ဖွဲ့စည်းလိုက်ကြောင်း အဆိုပါအသင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook