close
Connect with us

Hi, what are you looking for?

သတင်း

မုံရွာမှာ ပေါ်တာဆွဲခံရတဲ့လူငယ်တွေ လိုက်ရွေးပေမဲ့ စစ်တပ်က ငွေယူပြီး လူကိုပြန်လွှတ်မပေး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်တွေကို ငွေနဲ့လိုက်ရွေးပေမဲ့ စစ်တပ်က ငွေသာယူပြီး လူကိုပြန်လွတ်မပေးဘဲ သင်တန်းကျောင်းပို့လိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်မှုထမ်းသင်တန်း တက်ရောက်ရန် ခေါ်ဆောင်ခံရသည့်လူငယ်များအား သင်တန်းကျောင်းတစ်ခုတွင် တွေ့ရစဥ်။ ဓာတ်ပုံ-ပသစ

ဒီဇင်ဘာ-၁၇၊ ၂၀၂၅ ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်တွေကို ငွေနဲ့လိုက်ရွေးပေမဲ့ စစ်တပ်က ငွေသာယူပြီး လူကိုပြန်လွတ်မပေးဘဲ သင်တန်းကျောင်းပို့လိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။

မုံရွာမြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်းပိုင်းက ပေါ်တာဆွဲခံလိုက်ရတဲ့ လူငယ်တွေကို မိဘဆွေမျိုးတွေက ငွေနဲ့လိုက်ရွေးခဲ့ကြောင်း၊ တစ်ဦးကို ငွေကျပ် သိန်းငါးဆယ်ကျော် ကုန်ကျသွားခဲ့ပေမဲ့ လူငယ်တွေကိုတော့ စစ်တပ်က ပြန်လွှတ်ပေးခြင်းမရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

“ အသိတစ်ယောက်ရဲ့သား မသန်စွမ်းကလေး ပေါ်တာဆွဲခံရတာ နမခထဲရောက်သွားတယ်။ နောက်ရက်ကျသားနဲ့တွေ့ခွင့်ပေးတယ် သိန်း၅၀ယူခဲ့ မနက်ဖြန်လွှတ်ပေးမယ်ပြောတယ်။ သိန်း၅၀ ပေးပြီးတော့ အဲ့ကောင်လေးကိုလွတ်မပေးပဲတခြားစစ်တပ်ဘက်ပို့လိုက်တယ်။ မသန်စွမ်းဆိုတော့ စစ်မတိုက်ရဘူးမွေးမြူရေးခြံမှာ ​ခိုင်းထားတာတဲ့” လို့ မုံရွာဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အခြားဖမ်းဆီးခံရတဲ့လူငယ်တွေကိုလည်း ငွေသာယူပြီး လွှတ်မပေးဘဲ တောင်ငူနဲ့ တောင်ကြီးမြို့က စစ်အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်းတွေဆီ ပို့လွတ်လိုက်ကြောင်း သိရပါတယ်။

စစ်ကောင်စီဟာ ယခုဒီဇင်ဘာလအတွင်း မုံရွာမြို့ပေါ်မှာ စစ်မှုထမ်းဖို့အတွက် ပေါ်တာဆွဲဖမ်းဆီးမှုတွေ နေ့စဥ်ပြုလုပ်နေပြီး လူငယ်တွေ အများအပြား ဖမ်းဆီးခံနေရကြောင်း သတင်းရရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နေအိမ်ပေါ်တက်ပြီး စစ်ကောင်စီတပ်ပေါ်တာဆွဲဖမ်းဆီးခဲ့တဲ့ စစ်မှုထမ်းတပ်သားနှစ်ဦး လက်နက်တွေနဲ့ထွက်ပြေးလွတ်မြောက်လာတယ်လို့ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ ကျေးရွာနှစ်ရွာနဲ့ တော်လှန်ရေးစခန်း မီးရှို့ပြီးပြန်လာတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၃ဦးသေဆုံးကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုးပြီး မီးရှို့ခဲ့လို့ နဂါးတွင်းနဲ့ ပေါက်ပင်ရွာက အိမ်ခြေ ၅၁လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ မုံရွာမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်တပ်ရဲ့ ပေါ်တာဆွဲတဲ့ကားနဲ့တိုးလို့ ပြန်လှည့်ပြေးတဲ့ လူငယ် ပစ်ခတ်ခံခဲ့ရကြောင်း မြို့ခံတွေက ပြောပါတယ်။

Facebook