close
Connect with us

Hi, what are you looking for?

သတင်း

KNU ဌာနချုပ်အနီး ရှိ ခလယ့်ဒေး စစ်တပ်စခန်း စတင်တိုက်ခိုက်ခံရ

ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုဌာနချုပ် အနီးဝန်းကျင်မှာ ရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ခလယ့်ဒေးတပ်စခန်းကို မနေ့ (မတ်လ ၂၂) ရက်ကစတင်ပြီး KNU နဲ့ ပူးပေါင်းတပ်က ဝန်းရံပိတ်ဆို့ တိုက်ခိုက်နေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်ထံကသိရပါတယ်။

KNU တပ်ဖွဲ့ဝင်တွေကို တွေ့ရပုံ ( ပုံဟောင်း) ဓာတ်ပုံ - KNU

မတ် -၂၃ ၊ ၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုဌာနချုပ် အနီးဝန်းကျင်မှာ ရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ခလယ့်ဒေးတပ်စခန်းကို မနေ့ (မတ်လ ၂၂) ရက်ကစတင်ပြီး KNU နဲ့ ပူးပေါင်းတပ်က ဝန်းရံပိတ်ဆို့ တိုက်ခိုက်နေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်ထံကသိရပါတယ်။

ခလယ့်ဒေးတပ်စခန်း ဟာ လှိုင်းဘွဲ့မြို့နယ် ၊ ခလော်ကထိုက်( ရှမ်းရွာသစ်မြို့ ) အရှေ့ဘက် ၊ ထိုင်းနယ်စပ်အနီးမှာရှိတာပါ။

KNU ရဲ့ စစ်ရေးနယ်မြေခွဲခြာသတ်မှတ်ပုံအရ တပ်မဟာ (၇ ) နယ်မြေထဲမှာ တည်ရှိတဲ့စခန်းလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီတပ်စခန်းကို မနေ့ကစတင်ပြီး KNU နဲ့ ပူးပေါင်းတပ်က ဒရုန်း နဲ့ဗုံးချတာ ၊ လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တာတွေ ပြုလုပ်နေတာလို့ ကရင်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

ခလယ်ဒေးစခန်းတိုက်ပွဲ ကြောင့် အနီးတဝိုက်မှာရှိတဲ့ ခလယ့်ဒေး၊ နို့လော်ဖလိုးကျေးရွာတွေက ဒေသခံတွေဟာ ထိုင်းဘက်ခြမ်းဆီ စစ် ရှောင်နေရတယ်လို့ သိရပါတယ်။

KNU ဗဟိုဌာနချုပ်အနီးဝန်းကျင် မှာ စစ်ကောင်စီတပ်ရဲ့ ခလယ့်ဒေးစခန်းအပြင် မယ်သဝေါစခန်း၊ ရှမ်းရွာသစ်ဗျူဟာတို့လည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်ကတော့ KNU တပ်မဟာ (၇) နယ်မြေ ထဲက စစ်ကောင်စီတပ်ရဲ့ ပွိုင့် ၁၂၄၈( ပူလူတူ) တပ်စခန်းကို KNU နဲ့ ပူးပေါင်းတပ်ကနှစ်ပတ်ကြာ အပြင်းအထန်တိုက်ပြီး သိမ်းယူထားပါတယ်။

ပူလူတူတပ်စခန်းသိမ်းတိုက်ပွဲမှာ ဒေသခံ ပြည်သူ ငါးရာခန့် ထိုင်းဘက်ခြမ်း စစ်ရှောင်ခဲ့ရသလို စခန်းသိမ်းခံရချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်းနယ်ခြားမြစ် သောင်ရင်းမြစ်ကိုဖြတ်ပြီး ထိုက်နိုင်ငံထဲ ဝင်ပြေးကြပါတယ်။

ထိုင်းနယ်စပ်အနီးက ပူလူတူတပ်စခန်းကိုလက်လွှတ်လိုက်ရပြီး ရက်ပိုင်းအကြာမှာပဲ စစ်ကောင်စီတပ်ဟာ KNU ဌာနချုပ် ကို ဒရုန်းနဲ့ တန်ပြန်တိုက်ခိုက်ခဲ့တာတွေပြုလုပ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး (KNU) က ထိန်းချုပ်ထားတဲ့ ဖာပွန်မြို့ကို စစ်ကောင်စီလေတပ်က မတ်လ ၁၉ ရက်မှာ ဗုံးကြဲ တိုက်ခိုက်လာတယ်လို့ KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စောကလယ်ဒိုက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းအား စစ်ကောင်စီ ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး သံဃာ တစ်ပါး ပျံလွန်တော်မူကာ နှစ်ပါး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက သတင်းထုတ်ပြန်သည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တောင်ငူခရိုင် တပ်မဟာ(၂)နယ်မြေ ထန်းတပင်မြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းအား ကရင်အမျိုးသားလွတ်မြောက်ရေတပ်မတော် (KNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်က ယနေ့(မတ်လ ၉ရက်)နံနက်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း တပ်မဟာ(၂) စစ်ရေးလှုပ်ရှားမှုအတွက် ရန်ပုံငွေ ရှာဖွေပေးလျက်ရှိသည့် စစ်တောင်းကမ်ပိန်းက အသိပေးသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် မုန်း(မူး)မြို့နယ်ကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ခဲ့ရာ ပြည်သူ သုံးဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

Facebook