close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ စစ်မှုထမ်းမဲနှိုက်ဖို့ သတိပေး

မန္တလေးမြို့မှာ စစ်မှုထမ်းဖို့သတ်မှတ်အသက်အရွယ််အကြုံးဝင်တဲ့ လူငယ်အမျိုးသားတွေ လာမယ့်စစ်မှုထမ်းအပတ်စဉ် (၁၂)အတွက် ရပ်ကွက်ရုံးမှာ မဲနှိုက်ဖို့ အသံချဲ့စက်နဲ့ လိုက်လံသတိပေးတာတွေ ရှိနေတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်

မတ် – ၂၃ ၊ ၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

မန္တလေးမြို့မှာ စစ်မှုထမ်းဖို့သတ်မှတ်အသက်အရွယ််အကြုံးဝင်တဲ့ လူငယ်အမျိုးသားတွေ လာမယ့်စစ်မှုထမ်းအပတ်စဉ် (၁၂)အတွက် ရပ်ကွက်ရုံးမှာ မဲနှိုက်ဖို့ အသံချဲ့စက်နဲ့ လိုက်လံသတိပေးတာတွေ ရှိနေတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

ချမ်းအေးသာစံနဲ့ ချမ်းမြသာစည်မြို့နယ်တွေမှာ ရာအိမ်မှုးတွေ၊ စစ်ကောင်စီလက်ဝေခံ ပြည်သူ့စစ်တွေက မတ်လ ၂၀ ရက်ကစတင်ပြီး အသံချဲ့စက်နဲ့ လိုက်လံသတိပေးလာတာပါ။

” မနက်အစောကြီး လှည့်အော်သွားတာ ၊ မဲနှိုက်ဖို့ ရုံးကိုလာရမယ်ပေါ့” လို့ ချမ်းအေးသာစံမြို့နယ် ၊ ကံကောက်ရပ်ကွက်တွင်းနေထိုင်သူတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

အိမ်ထောင်စုစာရင်းကို စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေး ရုံးက ကောက်ယူထားပြီး အသက် ၁၈ နှစ်ကနေ ၃၅နှစ်ကြား လူငယ်တွေကို စစ်မှုထမ်းဖို့ ရပ်ကွက်ရုံးမှာ ဒီနေ့ (မတ်လ ၂၃) ကစတင်ပြီး မဲနှိုက်စေတာလို့လည်းသိရပါတယ်။

” အိမ်မှာက သား သုံး ယောက်လုံး အကြုံးဝင်တယ်ဆိုပြီး သုံးယောက်လုံးနှိုက်ရမယ်တဲ့”လို့ ချမ်းအေးသာစံမြို့နယ် နဂါးကွက်သစ်မှာ နေထိုင်တဲ့ မိခင်တစ်ဦးကပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ ၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်း ရပ်ကွက်တွေမှာ စစ်မှုထမ်းအတွက် လူသစ်စုဆောင်းရာမှာ မိသားစုဝင်တွေကိုပါ ကိုယ်စား မဲနှိုက်ခိုင်းတာတွေ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးပိုင်းက ပြုလုပ်စေတယ်လို့ ရပ်ကွက်နေပြည်သူအချို့ထံကသိရပါတယ်။

သတင်း

တနိုင်ငံလုံးအတိုင်းအတာဆင်နွှဲမည့် အထွေထွေ ထိုးစစ်ကြီးတရပ်ဆင်နွှဲကြရမည်ဖြစ် ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားလိုက်သည်။

သတင်း

မန္တလေး မှာစစ်ကောင်စီရဲ့ညွှန်ကြားချက်နဲ့ ဖွဲ့စည်းထားတဲ့ ရပ်ရွာလုံခြုံရေးအဖွဲ့ဝင်တွေ လက်နက်ကိုင်ဆောင်တာတွေ ရှိလာတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေကျောက်မျက်ရောင်းဝယ်ရေးစခန်း (မန္တလေးကျောက်ဝိုင်း)မှာ တရုတ်ဝယ်လက်က စျေး​ကောင်းပေးမဝယ်တဲ့အတွက် အရောင်းအဝယ်အေးနေတယ်လို့ ကျောက်အရောင်းအဝယ်ပြုလုပ်သူတွေကပြောပါတယ်။