ကဖေး/People’s Spring
မကွေးတိုင်း ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာမှာမတ်လ ၁၂ ရက်နေ့ကပေါ့ဆမီးကတဆင့် မီးလောင်လို့ အိမ်ခြေလေးရာနီးပါး ဆုံးရှုံးခဲ့ပြီး လူဦး ၁၈၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကာ သက်ကြီးရွယ်ကိုတစ်ဦး သေဆုံးခဲ့ပါတယ်။
မတ်လ ၁၂ ရက်နေ့က နာရီပေါင်းများစွာ မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး တရွာလုံးအကူအညီလိုအပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ပွင့်ဖြူမြို့နယ်ကကျေးရွာအချို့မှာတိုက်ပွဲတွေလည်းဖြစ်နေပြီး စစ်ကောင်စီက မီးရှို့ဖျက်ဆီးတာတွေလည်း ရှိနေပါတယ်။မုန်းဇလဲကျေးရွာ မီးလောင်မှုကတော့ပေါ့ဆမီးကတဆင့် လောင်ခြင်းဖြစ်လို့ ဒေသခံအချို့ကပြောပါတယ်။

Public Service Announcement
လတ်တလောမှာ အနီးအနားက စစ်ရှောင်တွေကပါမုန်းဇလဲကျေးရွာ မီးဘေးသင့်ပြည်သူတွေကို အစားအသောက်တွေကူညီပေးနေပြီး အဓိကလိုအပ်ချက်ကအဝတ်အစားတွေဖြစ်တယ်လို့ သတင်းရရှိပါတယ်။
မြန်မာနိုင်ငံမှာပူပြင်းခြောက်သွေ့တဲ့နွေရာသီရောက်လာပြီဖြစ်ပြီး ဒေသအချို့မှာ ရေရှားပါးလာသလို ၊မီးလောင်လွယ်တဲ့ကာလဖြစ်တာမို့ မီးဘေးသတိပေးချက်တွေပြုလုပ်နေကြပြီဖြစ်ပါတယ် ။
