စစ်ကောင်စီကို ခုခံတိုက်ခိုက်ရင်းကျဆုံးသွားသည့် ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် ပ.က.ဖ လက်ရုံးတပ် (ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး-ULF စစ်ကြောင်း ၊ Rural Rangers အဖွဲ့)မှ ရဲဘော်တစ်ဦး၏ ဈာပနမှတ်တမ်းဓာတ်ပုံများဖြစ်သည်။တိုက်ပွဲအတွင်း ကျဆုံးခဲ့သူသည် ULF ရဲဘော် လေးဝိုင်းဖြစ်ပြီး ၎င်း၏ ဈာပနအား ဖေဖော်ဝါရီ ၁၇ ရက်နေ့က ပြုလုပ်ခဲ့သည်။
“သူတို့သားစိတ်ချမ်းသာရင် ပြီးတာပဲဆိုပြီး တော်လှန်ရေးအတွက်သူတို့သားရဲ့လိုအပ်သမျှ သာမက သူ့သားရဲ့ ရဲဘော်တွေ လိုအပ်သမျှလည်း ပျော်ပျော်ကြီး ဖြည့်ဆည်းပေးခဲ့တဲ့ နင့်အဖေနဲ့အမေဆီကို အသက်မဲ့ ခန္ဓာကိုယ်ကိုသာ ပြန်သယ်ဆောင်ပေးခဲ့ရတဲ့ အစ်မ ရင်ထဲ နင့်နေအောင် ခံစားရပါတယ်”
ရဲဘော်လေးဝိုင်း၏ အသက်မဲ့ ခန္ဓာကိုယ်ကို ပြန်လည်သယ်ဆောင်လာပြီး မိဘများထံအပ်နှံခဲ့သည့် တော်လှန်ရေးရဲမေတစ်ဦးက အထက်ပါအတိုင်းရင်ဖွင့်ထားသည်။

Public Service Announcement
ရဲဘော်လေးဝိုင်းအသက်၂၃နှစ်အရွယ်သာရှိသေးပြီး စစ်အာဏာရှင်တော်လှန်ရေးကို အသက်ခန္ဒာစွန့်လွတ်တိုက်ပွဲဝင်ခဲ့သူဟု ယင်းမာပင်အခြေစိုက် ကာကွယ်ရေးရဲဘော်အချို့ကပြောသည်။
၎င်းပါဝင်သည့် ULFစစ်ကြောင်းသည် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်တွင် အခြေစိုက်ပြီး စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲများ မကြာခဏ တိုက်ခိုက်နေသည်။
ရဲဘော်ဝိုင်းလေးကို တော်လှန်ရေး ရဲဘော်ရဘက်များကသာမက ပြည်သူများကပါ ချစ်ခင်ကြ၍သူ၏ ဈာပနကို တော်လှန်ရေးရဲဘော်များနှင့်ပြည်သူအများအပြားကလိုက်ပါပို့ဆောင်ပေးခဲ့ကြသည်။
