close
Connect with us

Hi, what are you looking for?

သတင်း

မတ္တရာအ​ရှေ့ခြမ်းမှာစစ်တပ်လက်နက်ကြီး​ကြောင့် ဒေသခံ​တောင်သူအမျိုးသမီး ၃ ဦးဒဏ်ရာရ

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ဒေသခံ​တောင်သူအမျိုးသမီး ၃ ဦးထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ဒေသခံတွေက​ပြောပါတယ်။

ဒဏ်ရာရခဲ့တဲ့ အမျိုးသမီး ၂ ဦး။ ဓါတ်ပုံ-CJ

ရှိန်း /People’s Spring

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ဒေသခံ​တောင်သူအမျိုးသမီး ၃ ဦးထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ဒေသခံတွေက​ပြောပါတယ်။

မတ္တရာမြို့နယ်နဲ့ပုသိမ်ကြီးမြို့နယ်အစပ်က မြကန်သာရွာမှာတပ်စွဲထားတဲ့စစ်ကောင်စီတပ်ဟာ ​ဖေဖော်ဝါရီလ၅ရက်နေ့၊မနက်၁၁နာရီလောက်မှာတောင်ကန်ကျေးရွာဘက်ကို လက်နက် ကြီးနဲ့ပစ်ခတ်ခဲ့တာပါ ။ စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်မှု​ကြောင့် တောင်ယာအလုပ် လုပ်ကိုင်နေတဲ့အမျိုးသမီး၃ဦးထိမှန်ဒဏ်ရာတွေရရှိခဲ့တာလို့သိရပါတယ်။

ဒဏ်ရာရခဲ့တဲ့ အမျိုးသမီး ၂ ဦး။ ဓါတ်ပုံ-CJ

” တိုက်ပွဲမရှိဘူးဗျ။အဲဒီရွာကိုစစ်တပ်ကအထိုင်ချပြီး ဒီလိုလျှောက်ပစ်နေတာကြာပြီ။အမျိုး သမီးတယောက်ကတော့ လက်မှန်တာ။ဒဏ်ရာပြင်းတယ် “လို့ဒေသခံအမျိုးသားတဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ထီးတော်မိုးတပ်သားစုဆောင်းရေးတပ်ကလည်း တောင်ကန်ကျေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်-မန္တ​​လေး( MDY-PDF)ထိန်းချုပ်ထားတဲ့ ထန်းပင်ကုန်းကျေးရွာကိုလည်း ​ဖေ​ဖော်ဝါရီ ၅ ရက်​​နေ့မှာ စစ်တပ်က ဒရုန်းတွေနဲ့ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

အလားတူ မန္တ​လေး-PDFထိန်းချုပ်ထားတဲ့ ဖယောင်းတောင်ဘက်ကိုလည်း ပုသိမ်ကြီးမြို့နယ်တပ်မ(၃၃)လက်အောက်ခံ အမှတ် ၁၁၉ ​ခြေမြန်တပ်ရင်း( ခမရ-၁၁၉)ဘက်ကနေလက်နက်ကြီးပစ်ခတ်တာတွေလည်းပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ဟာ၂၀၂၄ ခုနှစ် ဇူလိုင်လကစပြီး မတ္တရာမြို့နယ်အ​​ရှေ့ခြမ်းမှာရှိတဲ့ စစ်ကောင်စီစခန်း လေးဆယ်နီးပါး သိမ်းပိုက်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ မတ္တရာမြို့နယ်အ​နောက်ခြမ်းက​စစ်စခန်း​တွေနဲ့ ​ကျေးရွာ​တွေကို ​​ဒေသခံ​တော်လှန်​ရေးတပ်​တွေထံက​နေ ၂၀၂၄ နိုဝင်ဘာမှပြန်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ် ။ မန္တ​လေး PDF ကလည်းစစ်တပ် ပြန်ထိန်းချုပ်​နေတဲ့ မတ္တရာအ​နောက်ခြမ်းက ​စစ်စခန်းတချို့ကိုပြန်လည်ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပြန်ပါတယ်။

တချိန်တည်းမှာစစ်တပ်က မန္တ​လေး PDF ထိန်းချုပ်ထားတဲ့ မတ္တရာမြို့နယ်အ​ရှေ့ခြမ်းကိုထိုးစစ်ဆင်ပြီး ပြန်သိမ်းနိုင်ဖို့ ကြံစည်​နေတာပါ။

မတ္တရာမြို့နယ်အတွင်းလက်နက်ကြီးပစ်ခတ်​နေသလိုမြေပြင်စစ်ကြောင်းထိုးအင်အားဖြည့်တင်းလာသောကြောင့် ဖယောင်းတောင်၊ ထန်းပင်ကုန်းကျေးရွာ နဲ့ မြို့ကုန်းကျေးရွာတစ်ဝိုက်တွင် တိုက်ပွဲများဖြစ်ပွါး​​နေတယ်လို့ မန္တ​လေး PDF က ဇန်နဝါရီ ၂၂ ရက်ကထုတ်ပြန်ထားခဲ့တယ် ။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းဒေသ၌ စစ်ကောင်စီနှင့် လက်အောက်ခံ ပြည်သူ့စစ် PNO တို့က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဒေသခံစစ်ရှောင် သုံးဦး သေဆုံးခဲ့ရကြောင်း ပအိုဝ်းသတင်းရင်းမြစ်က ပြောသည်။

သတင်း

မန္တလေးကစစ်မှုထမ်းသင်တန်းဆင်းတွေ ရာဂဏန်းလောက်ကို မတ္တရာမြို့နယ်၊ထီးတော်မိုးတပ်သားစုဆောင်းရေးထဲကိုပို့ဆောင်ထားပြီး စစ်တပ်က မတ္တရာမြို့နယ်အရှေ့ခြမ်းကိုစစ်ကြောင်းတွေထိုးလာနိုင်တယ်လို့ မတ္တရာမြို့နယ်က ​တော်လှန်ရေးတပ်တွေနဲ့ ​ဒေသခံတချို့က​ပြောပါတယ်။

သတင်း

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုနှင့် ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်မှုများကြောင့် ဒေသခံအမျိုးသမီးငါးဦးထိခိုက်ဒဏ်ရာရခဲ့ပြီး နှစ်ဦးမှာ စိုးရိမ်ရကြောင်း မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၂)တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ အနောက် မြောက်ခြမ်းရှိ တော်လှန်ရေးတပ်များပြန်လည် သိမ်းယူထားသည့် ကျေးရွာများအား စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာ၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ ပြန်ကြားရေးတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။