close
Connect with us

Hi, what are you looking for?

သတင်း

ပွင့်ဖြုမြို့နယ်၊ ကြီးအုံကြီးဝဆည်အနီးတိုက်ပွဲဖြစ်

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ကြီးအုံကြီးဝဆည်အနီး စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်တို့ကြား ယနေ့(​ဖေ​ဖော်ဝါရီ၅ရက်​နေ့ ) ညနေပိုင်းမှ စတင်ပြီး တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများထံမှသိရသည်။

ကြီးအုံကြီးဝဆည် နှင့် အနီးဝန်းကျင်ကို Google Earth တွင်​​တွေ့ရမှု

တာရာ/People’s Spring

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ကြီးအုံကြီးဝဆည်အနီး စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်တို့ကြား ယနေ့(​ဖေ​ဖော်ဝါရီ၅ရက်​နေ့ ) ညနေပိုင်းမှ စတင်ပြီး တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများထံမှသိရသည်။

အင်အား ၁၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်သည် ​ဖေ​ဖော်ဝါရီ ၅ ရက်​နေ့ ညနေ ၃ နာရီခန့်တွင် ရုန်းပင်ရွာမှ ဆည်တမံဘက်ကို စစ်ကြောင်းထိုးလာခြင်းကြောင့် ကာကွယ်ရေးတပ်များနှင့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“မနေ့ကတည်းက စစ်ကြောင်းထိုးလာလို့ ဒေသခံတွေက စစ်ရှောင်နေကြရတယ်။ သူတို့က ပုသိမ်-မုံရွာလမ်းကနေ ဆည်ဘက်ကို စစ်ကြောင်းထိုးလာရင်းတိုက်ပွဲဖြစ်နေကြတာလေ။ ညမိုးချုပ်အထိ တိုက်ပွဲဖြစ်နေဆဲပဲ”ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီစစ်ကြောင်းက ဖေဖော်ဝါရီ ၄ ရက်ပုသိမ်-မုံရွာလမ်းရှိ PDF ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ပြီး ရုန်းပင်ရွာကို စစ်ကြောင်းဝင်ရောက်လာခြင်းဖြစ်သည်။

ထိုစစ်ကြောင်းကြောင့် ရုန်းပင်း၊ ရေရင်၊ ဝန်လို၊ ခိုနန်း၊ ကန်၊ ပေပင်နှင့် ချောင်းဆုံရွာတို့မှ ဒေသခံ တစ်ထောင်ကျော်စစ်ဘေးရှောင်နေရသည်ဟုလည်း ဒေသခံများထံမှသိရသည်။

ကြီးအုံကြီးဝ ဆည်တမံကို ၂၀၀၃ ခုနှစ်တွင် မုန်းချောင်းကို ပိတ်ဆို့ကာ စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၁၂ခုနှစ်တွင်ဖွင့်လှစ်ခဲ့သည်။ လျှပ်စစ်ဓာတ်အား မဂ္ဂဝပ် (၇၄) ထွက်ရှိသည့် ဓာတ်အားပေးစက်ရုံဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် ပုသိမ် - မုံရွာလမ်းပိုင်းရှိ မဲဇလီ-ဆည်တော်စစ်ဆေးရေးဂိတ်အား ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးကြောင်း ပွင့်ဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

သတင်း

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ပွင့်ဖြူမြို့နယ်ရှိ မဲဇလီရဲစခန်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများ စခန်းစွန့်ထွက်​ပြေးသွားကြောင်း Earthquake People's Defence Force တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့ မြောက်ဘက် ၈ မိုင်ခန့်အကွာက တလုပ်မြို့ ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) နဲ့ မဟာမိတ်တပ်ဖွဲ့တွေက ဒီနေ့ဖေဖော်ဝါရီ ၁ ရက် မနက်အစောပိုင်းက စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေး တပ်ဖွဲ့တွေက People's Spring ကို...

သတင်း

စစ်ကိုင်း၊ မကွေးတိုင်းဒေသတွင် မဟာမိတ်များနှင့် စစ်ရေးအရ ပူးပေါင်းလုပ်ဆောင်ရန်ရှိကြောင်း ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီက ပြောသည်။