close
Connect with us

Hi, what are you looking for?

သတင်း

ထိုင်း-မြန်မာနယ်စက်ကကျားဖြန့်​တွေဆီ မီးဖြတ်ဖို့ ထိုင်းမှာဒီ​နေ့​ဆွေး​နွေးမယ်လို့ဆို

ထိုင်းအမျိုးသား လုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ်ဟာ ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)တွေဆီကို ဓာတ်အား မရောက်ရှိတာ သေချာအောင် ဖြတ်တောက်ရေးဆိုင်ရာ အရေးပါတဲ့ အစည်းအဝေး တစ်ခုကို ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ဦးဆောင် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

မြဝတီ​ဒေသက အ​ဆောက်အအုံအချို့ ။ ဓါတ်ပုံ-Khaosod English

People’s Spring

ထိုင်းအမျိုးသား လုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ်ဟာ ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)တွေဆီကို ဓာတ်အား မရောက်ရှိတာ သေချာအောင် ဖြတ်တောက်ရေးဆိုင်ရာ အရေးပါတဲ့ အစည်းအဝေး တစ်ခုကို ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ဦးဆောင် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အဲဒီ အစည်းအဝေးကို စစ်တပ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဌာနတို့ အပါ အဝင် အဖွဲ့အစည်း ၈ ခုက ကိုယ်စားလှယ်တွေ တက်ရောက်မှာဖြစ်ပြီး ဓာတ်အားဖြတ်တောက်ရေးကိစ္စကို ဒေသစိတ် ဓာတ်အား ကွပ်ကဲရေးအဖွဲ့ (PAS)ဆီ ထောက်ခံ တင်ပြမှုတွေ မပို့ဆောင်ခင် လိုအပ်မယ့် လုံခြုံရေး အချက်အလက်တွေကို ကနဦး ညှိနှိုင်း ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ လုပ်ထုံးလုပ်နည်း မှန်သမျှဟာ ဥပဒေက သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ အညီပဲ ကိုင်တွယ်မယ်လို့လည်း အာဏာပိုင်တွေက ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းအတွက် အသုံးပြုနေတဲ့ အရေအတွက် ထောင်ချီရှိတဲ့ မိုဘိုင်းဖုန်းတွေကို ဖုန်းဆင်မ်ကတ်တွေ၊ကွန်ပျူတာတွေနဲ့အတူ သိမ်းဆည်းရမိခဲ့ကြောင်းထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ဆောင်းပါး

ကရင်ပြည်နယ်ခြားစောင့်တပ်(BGF)ထိန်းချုပ်‌ဒေသ မြဝတီမြို့နှင့် ရွှေကုက္ကိုယ်ဒေသမှ ကျားဖြန့်လုပ်ငန်းများနှင့်ဆက်စပ်သောတရုတ်သူဌေးးများသည် DKBA ထိန်းချုပ်ထားသည့် ဘုရားသုံးဆူမြို့ဘက်သို့ အလုံးအရင်းပြောင်းရွှေ့နေသည်။

သတင်း

မြဝတီဒေသ၌ ရာဇဝတ်မှုကျူးလွန်သူများကို တားဆီးဆန့်ကျင်တိုက်ဖျက်ရေးအတွက် ဒေသတွင်း မိတ်ဖက်အဖွဲ့အစည်းများ၊ ဒေသအာဏာပိုင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများ ၊ နိုင်ငံတကာကိုယ်စားလှယ်များနှင့်အတူ ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားမည်ဟု ကရင်နယ်ခြားစောင့်တပ်(BGF) က ယနေ့(ဇန်နဝါရီ ၂၂ရက်)တွင် ထုတ်ပြန်သည်။

သတင်း

တရုတ်အပါအဝင် ဒေသတွင်း ၆နိုင်ငံက ဆက်သွယ်ရေးလိမ်လည်မှုနှင့် ကွင်းဆက်ရာဇဝတ်မှုများအား အဆက်မပြတ် အာရုံစိုက် တိုက်ဖျက်သွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယမန်နေ့(ဇန်နဝါရီ ၂၁ရက်)တွင် ထုတ်ပြန်သည်။