သုည/People’s Spring
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ (၇၉)ကြိမ်မြောက် အထွေထွေညီလာခံတွင် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအား မြန်မာနိုင်ငံကိုယ်စားပြု ပြည်သူ့ကိုယ်စားလှယ်အဖြစ် ဆက်လက်ခန့်အပ်ရေး ဗြိတိန်ရောက် မြန်မာများက ယနေ့ (စက်တင်ဘာ ၂၁) ချီတက်ဆန္ဒပြခဲ့ကြသည်။
အဆိုပါဆန္ဒပြပွဲကို လန်ဒန်မြို့ Parliament Square နှင့် ဝန်ကြီးချုပ်နေအိမ်ရှေ့တို့တွင် ပြုလုပ်ခဲ့ကြသည်။

Public Service Announcement
ဆန္ဒပြမြန်မာများက ပြည်သူ့အသံကို ကိုယ်စားပြုပေးနေသည့် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာ ကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိရေး၊ စစ်ကောင်စီကို အသိအမှတ်မပြုရေး၊ စစ်ကောင်စီမှ အရပ်သားပြည်သူလူထုကို အကြမ်းဖက် သတ်ဖြတ်နေမှုများ ချက်ချင်းရပ်တန့်ပေးရေး အစရှိသည်တို့ကို တောင်းဆိုခဲ့ကြသည်။
