သတိုး / People’s Spring
ဒေါ်လာဈေး အတက်အကျကြမ်းပြီးနောက် တစ်လကျော်အတွင်း တစ်လီတာကျပ် ငါးရာကျော် ဈေးတတ်ခဲ့သည့် စက်သုံးဆီဈေးသည် စက်တင်ဘာ ၁၃ ရက် အခြေခံသတ်မှတ်ဈေးတွင် ကျပ်တစ်ရာကျော် ဈေးပြန်ကျကြောင်း ဈေးကွက်အတွင်းမှသိရသည်။
စက်တင်ဘာ ၁၃ ရက်တွင် စက်သုံးဆီအရောင်းဆိုင်များ၌ ၉၂ တစ်လီတာ ၃၀၅၀ကျပ် ၊ ၉၅ တစ်လီတာ ၃၁၉၅ ကျပ် ၊ ဒီဇယ်တစ်လီတာ ၂၆၁၀ ကျပ် နှင့် ပရီမီယံ ဒီဇယ်တစ်လီတာ ၃၂၇၅ကျပ် နှုန်းရောင်းချလျက်ရှိသည်။

Public Service Announcement
ယင်းဈေးနှုန်းသည် စက်တင်ဘာ ၁၂ ရက်ဈေးများနှင့် နှိုင်းယှဉ်ပါက ၉၂ တစ်လီတာ ၁၆၅ကျပ် ၊ ၉၅ တစ်လီတာ ၁၆၅ ကျပ် ၊ ဒီဇယ်တစ်လီတာ ၁၀၀ ကျပ်နှင့် ပရီမီယံ ဒီဇယ်တစ်လီတာ ၁၂၀ ကျပ် ဈေးကျခဲ့ခြင်းဖြစ်သည်။
ဒေါ်လာဈေးခုန်တက်သောကြောင့် ဩဂုတ် ၃ ရက်တွင် ဆီဈေးစတတ်ခဲ့ပြီး တစ်လကျော်ကာလအတွင်း ငါးကြိမ်ထက်မနည်း ဈေးတတ်ခဲ့ကာ စက်သုံးဆီအမျိုးအစားအလိုက် သုံးရာမှ ငါးရာကျပ်အထိ ဈေးနှုန်းများ မြင့်တတ်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီ အာဏာမသိမ်းမီ NLD အစိုးရလက်ထက်တွင် ပြည်တွင်းစက်သုံးဆီစျေးသည် ၉၂ တစ်လီတာ ၄၀၄ကျပ်၊ ၉၅ တစ်လီတာ ၅၁၀ ကျပ်၊ ဒီဇယ် တစ်လီတာ ၄၅၀ ကျပ် နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၄၆၀ ကျပ် သာရှိခဲ့သည်။
ထိုကြောင့် အရပ်သားအစိုးရလက်ထက်ဈေးနှင့် နှိုင်းယှဥ်လျင် ၉၂ တစ်လီတာ ၈ ဆခန့် ၊ ၉၅ တစ်လီတာ၆ ဆကျော် ၊ ရိုးရိုးဒီဇယ် ၁ လီတာလျင်၆ ဆ ၊ ပရီမီယံ တစ်လီတာလျင် ၇ ဆကျော် ဈေးတက်လာခဲ့ခြင်းဖြစ်သည်။
