close
Connect with us

Hi, what are you looking for?

သတင်း

ဘုရားသုံးဆူ – သံဖြူဇရပ်လမ်းပိုင်းက လွတ်ရှမ်းရွာ စခန်းကို KNU သိမ်းယူ

ကရင်ပြည်နယ် ၊ ကြားအင်းဆိပ်ကြီးမြို့နယ် ၊ ဘုရားသုံးဆူ – သံဖြူဇရပ် ကားလမ်းပေါ်က စစ်ကောင်စီရဲ့ လွတ်ရှမ်း တပ်စခန်းကို ဒီနေ့ စက်တင်ဘာ ၁၂ ရက်မနက်ပိုင်းမှာ KNU တပ်မဟာ ၆ နဲ့ ပူးပေါင်းတပ်တွေ သိမ်းယူလိုက်ပြီလို့ ကရင်စစ်ရေးသတင်းရင်းမြစ်အချို့ထံကသိရပါတယ်။

နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ် ၊ ကြားအင်းဆိပ်ကြီးမြို့နယ် ၊ ဘုရားသုံးဆူ – သံဖြူဇရပ် ကားလမ်းပေါ်က စစ်ကောင်စီရဲ့ လွတ်ရှမ်း တပ်စခန်းကို ဒီနေ့ စက်တင်ဘာ ၁၂ ရက်မနက်ပိုင်းမှာ KNU တပ်မဟာ ၆ နဲ့ ပူးပေါင်းတပ်တွေ သိမ်းယူလိုက်ပြီလို့ ကရင်စစ်ရေးသတင်းရင်းမြစ်အချို့ထံကသိရပါတယ်။

ဒီနေ့မှာ သိမ်းယူလိုက်တဲ့စခန်းဟာ လွတ်ရှမ်းရွာတပ်စခန်းဖြစ်တယ်လို့ မြေပြင်မှာရှိတဲ့စစ်ရေး သတင်းရင်းမြစ်နှစ်ဦီးက အတည်ပြုပေးပါတယ်။

Public Service Announcement

Public Service Announcement

လွတ်ရှမ်းရွာမှာရှိတဲ့ တပ်စခန်းကို ပြီးခဲ့တဲ့ သြဂုတ်လကစပြီး KNU တပ်မဟာ ၆ နဲ့ ပူးပေါင်းတပ်တွေ ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာမှာ ဒီနေ့မှာတော့ အပြီးသတ် သိမ်းနိုင်ခဲ့တာလို့ သတင်းရင်းမြစ်ကပြောပါတယ်။

စခန်းကို သိမ်းပြီး နယ်မြေရှင်းလင်းမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းအခြေအနေကို အသိပေးသွားမယ်လို့ KNU သတင်းရင်းမြစ်က လည်း ဆိုပါတယ်။

ဘုရားသုံးဆူ – သံဖြူဇရပ် လမ်းပိုင်းကိုထိန်းချုပ်ထားတဲ့ စစ်ကောင်စီရဲ့ လွတ်ရှမ်းရွာနဲ့ အနန်းကွင်းရွာ တပ်စခန်းတွေကို KNU ပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်ရာမှာ လွတ်ရှမ်းရွာ စခန်းကို ကနဦး သိမ်းယူနိုင်ခဲ့တာပါ။

စစ်ကောင်စီကလည်း တပ်စခန်းတွေ လက်မလွှတ်ရဖို့ လက်နက်ကြီးပစ်ကူ ၊လေကြောင်းပစ်ကူတွေနဲ့ ခုခံတိုက်ခိုက်ခဲ့ပြီး အဲဒီရွာတွေတဝိုက်က ဒေသခံတွေလည်းတိုက်ပွဲတွေကြောင့် ထွက်ပြေးနေရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ဆုံးရှုံးနယ်မြေများ ပြန်ယူမည်ဟု ပြောဆိုပြီး လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်ရာတွင် စစ်ရေးပစ်မှတ်များကို တိုက်ခိုက်ခြင်းထက် အရပ်သားပစ်မှတ်များကိုသာ တိုက်ခိုက်နေ၍ ရက်ပိုင်းအတွင်း အရပ်သားအများစု အပါအဝင် လူဦးရေ ၁၀၀ကျော် သေဆုံးခဲ့ရဟု ကရင်အမျိုးသားအစည်းအရုံး(KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားသည်။

သတင်း

အဓမ္မစုဆောင်းခံရ၍ အစောင့်စစ်သားနှစ်ဦးသတ်ပြီး KNUတပ်မဟာ(၄)ထံ ခိုလှုံလာသူ လူငယ် ၂၇ဦးအနက် ၂၂ဦးက လက်နက်ကိုင်တိုက်ပွဲပြန်ဝင်မည်

သတင်း

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ၊ ကျုံခဝန်ရွာကို စက်တင်ဘာ ၉ ရက် က လူအများအိပ်မောကျနေချိန်မှာ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေး ၁ဦီးအပါအဝင် အရပ်သား ၂ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်ထံကသိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်(မူတြော်)ခရိုင်တွင် ဩဂုတ်လအတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ ၃၅ဦးသေဆုံးခဲ့ကြောင်း KNU ဗဟိုက ယနေ့ (စက်တင်ဘာ ၆ရက်)တွင်သတင်းထုတ်ပြန်သည်။

Trending

Facebook