close
Connect with us

Hi, what are you looking for?

သတင်း

တပ်ကုန်းက နာရီပေါင်းများစွာ ပိတ်မိနေတဲ့ သံဃာတော်နဲ့ ကိုရင်တွေကို ကယ်ထုတ်

နေပြည်တော်၊ တပ်ကုန်းမြို့နယ် မန်ကျီးပင်ကျေးရွာစစ်ဆေးရေးဂိတ်အနီးက အုတ်ဖိုကျောင်းမှာ နာရီပေါင်းများစွာ ပိတ်မိနေတဲ့ သံဃာတော်တွေနဲ့ ကိုရင်တွေကို ကယ်ထုတ်နိုင်ခဲ့ပြီလို့ သိရပါတယ်။

ကယ်ထုတ်နိုင်ခဲ့တဲ့ ကိုရင်ငယ်များ (ဓာတ်ပုံ-CJ)

ဇေအောင်/People’s Spring

နေပြည်တော်၊ တပ်ကုန်းမြို့နယ် မန်ကျီးပင်ကျေးရွာစစ်ဆေးရေးဂိတ်အနီးက အုတ်ဖိုကျောင်းမှာ နာရီပေါင်းများစွာ ပိတ်မိနေတဲ့ သံဃာတော်တွေနဲ့ ကိုရင်တွေကို ကယ်ထုတ်နိုင်ခဲ့ပြီလို့ သိရပါတယ်။

စက်တင်ဘာ ၁၁ ရက် မနေ့က နံနက် ၂ နာရီခွဲကတည်းက ပိတ်မိ​နေတဲ့ သံဃာတော် ၃ပါး၊ ကိုရင်၂ပါးနဲ့ ဒကာတစ်ဦးကို ဒီကနေ့ စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းမှာ ရန်ကုန် သန်းမင်းကြွယ် ပရဟိတအဖွဲ့ကနေ ကယ်ထုတ်နိုင်ခဲ့ပါတယ်။

ကယ်ထုတ်နိုင်ခဲ့တဲ့ သံဃာတော်နဲ့ကိုရင်ငယ်များ ဓာတ်ပုံ-CJ

ဆရာတော်နှစ်ပါးနဲ့ကိုရင်နှစ်ပါးဟာ ရေတွေတက်လာလို့ ကျောင်းခေါင်မိုးပေါ်အထိ တက်နေခဲ့ရပါတယ်။ ရေအနည်းငယ်ကျသွားခဲ့ပေမယ့် ရေစီးတအားသန်နေတာ​ကြောင့် ခက်ခက်ခဲခဲသွားရောက်ကယ်ဆယ်ခဲ့ရတယ်လို့ သွားကယ်တဲ့ပရဟိတသမားတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ဘုန်းဘုန်းကျောင်းကို လိုင်းပေါ်မှာ ကယ်ပေးဖို့ ပြောနေကြတာ။ ရေစီးက တအားသန်တယ်။ ကယ်ဆယ်ရေးတွေက ရေတိမ်လည်း ရေစီးသန်တော့မမောင်းရဲဘူးဖြစ်နေတာ။”လို့ ပရဟိတသမားတစ်ဦးက ပြောပါတယ်။

“ဒီပေါ်မှာဦးဇင်းတို့နေတာ နှစ်ညပေါ့။ ကိုရင်လေးတွေကိုလည်း ရင်ခွင်ထဲထည့်ထားလို့ အမိုးကမရှိဘူး။”လို့ ဆရာတော်တစ်ပါးက မိန့်ကြားပါတယ်။

ကားများလည်း ရေမြုပ်နေပြီး ကျွဲနွားတိရိစ္ဆာန်တွေပါ ရေထဲမျောပါသေဆုံးတာတွေ ရှိနေတယ်လို့ သိရပါတယ်။ ရေစီးသန်နေတာကြောင့် ဆရာတော်တွေဟာ ဘုရားတ၍ လိုက်ပါခဲ့ရပါတယ်။

အခုလက်ရှိမှာ နေပြည်တော်၊တပ်ကုန်း၊ ဇေယျာသီရိ၊ ပျဥ်းမနားမြို့နယ်မှာ ရေကြီးရေလျှံနေဆဲဖြစ်ပြီး ပိတ်မိတဲ့ ပြည်သူတွေလည်း အများအပြား ရှိနေတယ်လို့ သိရပါတယ်။ ​ရေ​ဘေးသင့်ပြည်သူ​တွေအများအပြားရှိ​နေပြီးသန်းမင်းကြွယ် ပရဟိတအဖွဲ့က​နေ စက်တင်ဘာ ၁၁ ရက်နဲ့ စက်တင်ဘာ ၁၂ ရက် နံနက် ၁၁ နာရီ​​ကျော်အထိ

စက်​လှေ နဲ့ အ​ခေါက် ၂၀ ရဟန်းနဲ့ပြည်သူ ၁၀၀ ​လောက်ကို ကယ်တင်ထားနိုင်ပြီလို့ အဖွဲ့က တာဝန်ရှိသူက People’s Spring ကို​ပြောပါတယ် ။

​ရေ​ဘေး​ကြောင့်တံတားတွေ၊ လမ်းတွေလည်း ကျိုးကျပျက်စီးတာတွေရှိနေလို့ ရန်ကုန်-မန္တလေးလမ်းဟောင်းဘက်မှာလည်း သွားလာလို့မရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

နေပြည်တော်တဝိုက်အပြင် ပျော်ဘွယ်၊ ရမည်းသင်း၊ မိတ္ထီလာ၊ ဝမ်းတွင်း၊ မြစ်သား၊ ကျောက်ဆည်မြို့နယ်တွေအထိ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပြီး လူပေါင်းသောင်းချီ ရေဘေးဒုက္ခကြုံနေရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နေပြည်တော် ပျဥ်းမနားမြို့နယ် ရေ‌‌ဘေးအတွင်း သစ်ပင်ပေါ် နာရီ၂၀နီးပါး တွဲခိုနေခဲ့ရသည့် ကလေးငယ်အချို့အပါအဝင် လူ ၃၄ ဦးကို လူမှုကူညီရေးအဖွဲ့တစ်ဖွဲ့က ယနေ့နံနက်ပိုင်းတွင် ကယ်ဆယ်နိုင်ခဲ့သည်။

နိုင်ငံတကာ

နိုက်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းခြင်းနဲ့အတူ ဆည်ကြီးတစ်ခု ရေလွှတ်ခဲ့ရာက ဆိုးရွားတဲ့ ရေကြီးမှုတွေ ဖြစ်ပေါ်ပြီး လူပေါင်း တစ်သန်းကျော် ရွှေ့ပြောင်းခဲ့ကြရပါတယ်။

သတင်း

​ရေ​ဘေး​ကြောင့် ရမည်းသင်းမြို့တစ်မြို့တည်းတွင် ၁၀ဦးသေဆုံးပြီး လူဦးရေငါးသောင်းကျော် ရေဘေးသင့်နေသည်ဟု ရမည်းသင်းမြို့မှ မီးသတ်တပ်ဖွဲ့ကထုတ်ပြန်သည်။

သတင်း

ဝမ်းတွင်းရှိ ဆည်နှစ်ခုရေလွှတ်၍ ကျေးရွာအများအပြား အရေးပေါ်ရွှေ့ပြောင်း

Facebook