close
Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံးမြို့နယ်ရှိ ကျေးရွာအချို့တွင် ဝဲရောဂါအဖြစ်များနေ

လောင်းလုံးမြို့နယ်အတွင်းရှိ စကျေးရွာအချို့တွင် ဝဲရောဂါ ဖြစ်ပွားလျှက်ရှိပြီး ဆေးဝါးနှင့်ကုသမှုလိုအပ်လျှက်ရှိကြောင်း လောင်းလုံးမြို့နယ်(ပကဖ)မှ တာ ဝန်ရှိသာတစ်ဦးက ပြောသည်။

ဝဲ​ရောဂါ ဖြစ်ပွား​နေ​​သော စစ်​ဘေး​ရှောင်ပြည်သူအချို့ ။ဓါတ်ပုံ-​လောင်းလုံ(ပကဖ)

ကျော်ဇော/People’s Spring

လောင်းလုံးမြို့နယ်အတွင်းရှိ စကျေးရွာအချို့တွင် ဝဲရောဂါ ဖြစ်ပွားလျှက်ရှိပြီး ဆေးဝါးနှင့်ကုသမှုလိုအပ်လျှက်ရှိကြောင်း လောင်းလုံးမြို့နယ်(ပကဖ)မှ တာ ဝန်ရှိသာတစ်ဦးက ပြောသည်။

ဝဲ​ရောဂါအဖြစ်များနေသည့် ကျေးရွာများမှာ ညောပြင်၊ အောက်ကျောက်၀ပ်၊ ကြက်လွှတ်၊ ဇလွတ်စသည့်ကျေးရွာများဖြစ်ပြီး တစ်ရွာလျှင် လူဦးရေ ရာဂဏန်းအထိ ဖြစ်ပွားလျှက်ရှိသည်ဟု စုံစမ်းသိရသည်။

ဝဲ​ရောဂါ ဖြစ်ပွား​နေ​​သော စစ်​ဘေး​ရှောင်ပြည်သူအချို့ ။ဓါတ်ပုံ-​လောင်းလုံ(ပကဖ)

“(ကျန်းမာရေး)စောင့်ရှောက်မှု မပေးနိုင်သေးဘူးဗျ။ လူကြီးလူငယ် အကုန်ဖြစ်နေတာ။ ရွာတစ်ရွာမှာတောင် ရာဂဏန်းနဲ့ရှိတယ်။ အဲတော့အခက်ခဲဖြစ်နေတာရှိတာပေါ့”ဟု လောင်းလုံး(ပကဖ)မှ တာဝန်ရှိသူက ပြော သည်။

Public Service Announcement

Public Service Announcement

ယားနာရောဂါဖြစ်ပွားလျှက်ရှိသည့် ကျေးရွာများသည် ပင်လယ်ကမ်းအနီးတည်ရှိကြပြီး လက်ရှိတွင် တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေအတွင်း ပါဝင်နေသည့်ကျေးရွာများ ဖြစ်သည်။

“အခုဖြစ်နေတာက မျောက်ကြောက်ရောဂါနဲ့ ဆင်မတူပါဘူးနော်။ ကျမတို့ကွင်းဆင်းရရှိတဲ့ အခြေအနေတွေကို (NUG အစိုးရ)ကျန်းမာရေးဝန်ကြီးဌာနကိုတင်ပြပါတယ်။ အထက်အဆင့်ဆင့်က ဆရာဝန်ကြီးတွေ၊ ပါမောက္ခတွေပြောတာက ဝဲရောဂါလို့ပဲ ပြောပါတယ်။ အဓိကတော့ အဲဒီဝဲကိုကုပ်ခြစ်ရာကတဆင့် ဗစ်တီးရီးယားပိုးဝင်ပြီး ပြန့်နှံ့ကူးစက်လာတာပါ”ဟု လောင်းလုံး(ပကဖ)ကျန်းမာရေးဆိုင်ရာဆေးဘက်တာဝန်ခံနှင့် CDM ကျန်းမာ ရေးဝန်ထမ်းတစ်ဦးက People’s Spring သို့ ပြောသည်။

ဝဲ​ရောဂါ ဖြစ်ပွား​နေ​​သော စစ်​ဘေး​ရှောင်ပြည်သူအချို့ ။ဓါတ်ပုံ-​လောင်းလုံ(ပကဖ)

“အရေအတွက် အရမ်းများတော့ အကုန်လုံးကိုအဆင်ပြေအောင် ကုသမပေးနိုင်သေးဘူး”ဟု လောင်းလုံး(ပကဖ)မှာ တာဝန်ရှိသူက ရှင်းပြသည်။

လက်ရှိတွင် ယားနာရောဂါခံစားနေရသူများမှာ သက်သာကောင်းမွန်လာပြီဖြစ်ပြီး ယခုကဲ့ သို့ ရာနာရောဂါခံစားကြရသည်မှာ စစ်ဘေးရှောင်ရာတွင် လူအစုလိုက်အပြုံလိုက်နေထိုင်ရခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းခြင်း စသည့်အချက်များကြောင့်ဖြစ်ကြောင်း လောင်းလုံး(ပကဖ)ကျန်းမာရေးဆိုင်ရာဆေးဘက်တာဝန်ခံနှင့် CDM ကျန်းမာ ရေးဝန်ထမ်းကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဇူလိုင် ၂၆ ရက် နံနက် ၉နာရီခွဲခန့်က လောင်းလုံးနယ်၊ ကျောက်နီမော်ရွာ တာဝါတိုင်ကုန်းမှဆင်းလာသည့် စစ်ကောင်စီတပ် သားနှစ်ဦးကို လောင်းလုံး(ပကဖ)နှင့်ပူးပေါင်းအဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

သတင်း

လောင်းလုံးမြို့နယ် ထွေအုပ်ရုံး၊မြို့နယ်ရဲစခန်းနှင့် လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းတို့ကိုမေလ ၉ရက်တွင် နံနက် ၆နာရီမှစ၍ တပြိုင်နက် စီးနင်းတိုက်ခိုက်ခဲ့ခြင်းဟု ကာကွယ်ရေး ရဲဘော်တစ်ဦးက ပြောသည်။

သတင်း

ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ ရက်ကလည်း လောင်းလုံးမြို့ပေါ်ရှိ စစ်ကောင်စီ လဝကရုံး၊ စရဖရုံး၊ ထွေအုပ်ရုံး၊ မြို့မရဲစခန်းနှင့် စာရင်းစစ်ရုံးတို့ကို LLPDF၊ ဥသြစစ်ကြောင်း စသည့်ပူးပေါင်းတပ်များက တပြိုင်နက် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့သေးသည်။

သတင်း

စစ်တပ်၏ စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ဆောမြို့နယ်အတွင်းရောက်ရှိနေသော အခြားဒေသများမှ နေရပ်စွန့်ခွာ စစ်ဘေးရှောင်ပြည်သူများနှင့်မြို့နယ်အတွင်းရှိ ဒေသခံများအား ဆေးကုသခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ခြင်း ဖြစ်သည်။