ဟာနာဆန်/People’s Spring
မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်၍ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့(မဘသ)ဆရာတော်၏ ကျောင်းတိုက် ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။
ဩဂုတ် ၁၃ရက် ညပိုင်းက စစ်ကောင်စီတပ်သည် လက်နက်ကြီးဖြင့် ငါးကြိမ် ပစ်ခတ်ခဲ့ရာ တစ်လုံးမှာ ရေစကြိုမြို့နယ်၊ ရွာသစ်ရွာမြောက်ပိုင်း ကန်ဦးဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲပြီး ကျောင်းအဆောက်အအုံအချို့ ပျက်စီးခဲ့ကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီ(Yesagyo Township Info Commettee)၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement
အဆိုပါကျောင်းမှ ဆရာတော်သည် မဘသအဖွဲ့ဝင်ဖြစ်ပြီး ပြီးခဲ့သည့် ရွေးကောက်ပွဲများတွင် ပြည်ခိုင်ဖြိုးပါတီ မဲပေးကြရန် လိုက်လံစည်းရုံးခဲ့သော ဘုန်းကြီးဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။
“ဆရာတော်က မင်းအောင်လှိုင်ကို ကျိန်ဆဲနေတယ်ပြောတယ်။”ဟု ရေစကြိုဒေသခံတစ်ဦးကပြောသည်။
ရေစကြိုမြို့ ရုံးပေါင်းစုံဝင်းအတွင်းရှိ စစ်ကောင်စီတပ်သည် လက်နက်ကြီးများဖြင့် မကြာခဏပစ်ခတ်နေ၍ ပြည်သူများ ထိခိုက်သေဆုံးမှုရှိနေသည်။
