ဟာနာဆန်/People’s Spring
စစ်ကောင်စီက စစ်ရေးအသုံးပြုရန်အတွက် ပြန်လည်ပြုပြင်နေသော ပခုက္ကူလေဆိပ်အား လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း Southern YSO PDF၏ တာဝန်ခံ ကိုအောင်မောင်းက ပြောသည်။
ပခုက္ကူလေဆိပ် ပြန်လည်တည်ဆောက်ရေးအတွက် စစ်ကောင်စီတပ်၊ ရဲနှင့် ပျူစောထီးများ အထိုင်ချတပ်စွဲထား၍ သြဂုတ် ၄ ရက်မှ ၇ ရက်အတွင်း မောင်းသူမဲ့လေယာဥ်ငယ်များ၊ ဒရုန်းများဖြင့် လက်နက်ကြီးအလုံးရေ ၁၃၀ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Southern YSO PDF၏ တာဝန်ခံ ကိုအောင်မောင်းက ပြောသည်။

Public Service Announcement
တိုက်ခိုက်မှုကြောင့် လေဆိပ်တာဝန်ကျ မကွေးမြို့ရဲတပ်ရင်းမှ ရဲသုံးဦး ဆေးရုံ၌ ကုသနေရကြောင်း သိရသည်။
“တင်ဒါက မအလသား ကုမ္မဏီပိုင်ပဲ။ ပြီးခဲ့တဲ့ လကနေစပြီး ပြင်ဆင်တာပါ။”ဟု ကိုအောင်မောင်းက ပြောသည်။ ပခုက္ကူလေဆိပ် ပြင်ဆင်နေသည့်ကုမ္ပဏီအမည်ကို စုံစမ်းနေပြီး လက်တလောမသိရသေးပေ။
ပခုက္ကူလေဆိပ်ပြုပြင်ရေးပါဝင်သော အလုပ်သမားများအနေဖြင့် ဆက်လက် လုပ်ကိုင်ခြင်း မပြုရန် Southern YSO PDFက တားမြစ်ထားသည်။
ပခုက္ကူလေဆိပ်တွင် လေယာဉ်ပြေးလမ်းများအတွက် ကျယ်ဝန်းသည့် မြေဧရိယာရှိသည့်အပြင် ပုဂံ၊ ညောင်ဦးလမ်းများနှင့်လည်း ဆက်သွယ်ထားသည်။
လေဆိပ်စစ်ဆင်ရေးကို Southern YSO PDF၊ ရေစကြို ပလဖ၊ MPL တိုက်နယ်(၄) ပကဖ၊ အညာမုန်တိုင်း၊ TKGF၊ Gen 1၊ ဒေါင်းနီ ပကဖ၊ ရွှေဟင်္သာ လက်နက်ကြီး၊ Yesagyo Revolution Group(YRG)၊ ဒေါင်းညီနောင်၊ပြည်သူ့အားမာန်- PDF၊ King Corba အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အလားတူ မန္တလေးမြို့တွင်လည်း ချမ်းမြသာစည်လေဆိပ်ဟောင်းအား စစ်ကောင်စီက စစ်ရေးအသုံးပြုရန် ပြန်လည်ပြင်ဆင်နေသည်။
