▪︎ အာဏာသိမ်းပြီး သုံးနှစ်ကျော်အတွင်း တပ်မ ၄၄ တပ်မမှူး နေရာကို စစ်ကောင်စီက ၅ ကြိမ်မြောက်ပြောင်းခန့်
▪︎ကော်ဘရာစစ်ကြောင်းတိုက်ခိုက်၍တပ်မမှူး ၂ ဦးသေပြီး ၁ဦးဒဏ်ရာရထား
ရဲခေါင်၊ရွှေပြည်စိုး/People’s Spring
စစ်ကောင်စီက ခြေမြန်တပ်မဌာနချုပ် အမှတ်(၄၄) ၏ တပ်မမှူးနေရာကို စစ်တက္ကသိုလ် အပတ်စဥ် ၄၁ မှ ဗိုလ်မှူးကြီး ညီညီဦး ကို ခန့်အပ်လိုက်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော် က ပြောသည်။
အာဏာသိမ်းပြီး သုံးနှစ်အတွင်း တပ်မ ၄၄ တပ်မမှူး နေရာကို စစ်ကောင်စီက ငါးကြိမ်မြောက်အပြောင်း အလဲ ပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။
လက်ရှိ တပ်မ ၄၄ တပ်မမှူး အသစ်သည် နိုင်ငံ တော်ကာကွယ်ရေးတက္ကသိုလ်၌ နည်းပြ အဖြစ်ဆောင်ရွက်ခဲ့သူဟု ဆိုသည်။

Public Service Announcement
၎င်းမတိုင်မီ တပ်မ ၄၄ တပ်မမှူးဖြစ်ခဲ့သူ ဗိုလ်မှူးကြီး စိုးမင်းထက်သည် ခလရ ၂၇၅ အဖွဲ့ကို ဦးဆောင်စဥ် မြဝတီအမှတ် ၂ တံတား အနီးတိုက်ပွဲ၌ ထိခိုက်ကျဆုံးခဲ့သည်ဟု ကနဦး သတင်းများထွက်ပေါ် ခဲ့သည်။
“ဒဏ်ရာကြောင့်လား ရှုံးနိမ့်မှုကြောင့်လားတော့ မသိရသေးခင်ဗျ”ဟု တပ်မ ၄၄ တပ်မမှူးနေရာ ပြောင်ရွှေ့မှုအပေါ် CDM ဗိုလ်ကြီးဇင်ယော်က မှတ်ချက်ပြုသည်။

တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးကြီးစိုးမင်းထက်သည်မြဝတီ အမှတ်(၂) ကုန်သွယ်ရေးတံတားအောက်၌ ပုန်းခိုနေသောစစ်ကောင်စီတပ်သားများကို တော်လှန်ရေးအင်အားစုများကဒရုန်းသုံးပြီး ဗုံးကြဲတိုက်ခိုက်ခဲ့စဥ်သေဆုံးခဲ့ကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းစာမှာ ဧပြီလ ၂၁ ရက်နေ့က ဖော်ပြခဲ့သည်။ စစ်ကောင်စီကမူဗိုလ်မှူးကြီးစိုးမင်းထက်နှင့် ပတ်သတ်၍ထုတ်ဖော်ပြောကြားခြင်းမရှိသေးပေ။
ကရင်ပြည်နယ်မှစစ်ရေးသတင်းရင်းမြစ်တဦးကလည်း”ညီညီဦးကို ၄၄ တပ်မမှူးပေးလိုက်တာ မှန်တယ်။ ဗိုလ်မှူးကြီးစိုးမင်းထက်သတင်းတော့ ဘာမှ မကြားပါ” ဟု ပြောသည်။
KNU က အမှတ် (၂) တံတားအနီးတိုက်ပွဲကို သတင်းထုတ်ပြန်ရာတွင် တပ်မမှူးမှာ ဒဏ်ရာရခဲ့ပြီး ဒဏ်ရာရသူ ၃၀ ကျော်ရှိပြီး သေဆုံးသူလည်း ၃၀ ထက်မနည်းကြောင်းဖော်ပြထားသည်။
တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးခစိုးမင်းထက် မဲဆောက်ဆေးရုံ၌ ဆေးကူသမှု ခံယူနေရင်း သေဆုံးကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားနေကြသည်ကို တွေ့ရသည်။
KNU တပ်မဟာ ၆ နယ်မြေ ဒူးပလာယာခရိုင်တွင် စစ်ရေးလှုပ်ရှားခဲ့သော တပ်မ ၄၄ မှတပ်မမှူးများသည်တော်လှန်ရေးအဖွဲ့များတိုက်ခိုက်မှူကြောင့် သုံးနှစ်အတွင်း အနည်းဆုံးသေဆုံးသူ ၂ ဦးရှိပြီဖြစ်သည်။ဗိုလ်မှူးကြီးစိုးမင်းထက်ပါ သေပါက တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်၍ သုံးဦးမြောက်သေဆုံးသော တပ်မမှူးဖြစ်လာမည်ဖြစ်သည်။
၂၀၂၁ ခုနှစ် သြဂုတ်လတွင် တပ်မ ၄၄ တပ်မမှူးအဖြစ် ဗိုလ်မှူးချုပ်တင်မိုးနိုင်၊၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ တွင်ဗိုလ်မှူးချုပ် ဝင်းနောင်စိုး၊၂၀၂၄ နှစ် ဇန်နဝါရီလ တွင် ဗိုလ်မှူးချုပ်အေးမင်းနောင် နှင့် ဖေဖော်ဝါရီလတွင် ဗိုလ်မှူးကြီးစိုးမင်းထက် တို့ကို စစ်ကောင်စီက ခန့်အပ်ခဲ့သည်။
ဗိုလ်မှူးချုပ်ဝင်းနောင်စိုး နှင့် အေးမင်းနောင်တို့ကို နာမည်ကျော်ကောဘရာစစ်ကြောင်းကတိုက်ခိုက်ရှင်းလင်းခဲ့ကြောင်းထုတ်ပြန်ခဲ့သည်။ဗိုလ်မှူးချုပ်အေးမင်းနောင်မှာ တပ်မမှူးဖြစ်ပြီး တာဝန်လွှဲပြောင်းယူရန် ရဟတ်ယာဥ်ဖြင့် ၂၀၂၄ ဇန်နဝါရီ ၂၉ ရက်က သဃ်န်းညီနောင်ဗျူဟာလစဥ် ကော်ဘရာစစ်ကြောင်းကတိုက်ခိုက်ခဲ့၍ သေဆုံးခဲ့ပြီး ရဟတ်ယာဥ်ပါပျက်ကျခဲ့သည်။
(မြဝတီ အမှတ် ၂ တံတားတိုက်ပွဲတွင် ဒဏ်ရာရခဲ့ပြီး သေဆုံးကြောင်းသတင်းထွက်ခဲ့သောဗိုလ်မှူးကြီး စိုးမင်းထက် နှင့် လက်ရှိတပ်မမှူးသစ် ဗိုလ်မှူးကြီးညီညီဦးမတိုင်ခင် တပ်မ ၄၄ တပ်မမှူးများတာဝန်ထမ်းဆောင်ခဲ့သောကာလများ)
