▪︎တိုက်ခိုက်ခံရပြီး လူမြင်ကွင်းကပျောက်နေတာ ၁၂ ရက်ကျော်ရှိလာ
နေ့သစ်/People’s Spring
စစ်ကောင်စီ ကလူစုံတက်ရောက်တဲ့ ဧပြီ ၂၂ ရက်အစည်းအဝေးမှာ ဧပြီ ၁၀ ရက်က ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးပျောက်နေတဲ့ အာဏာသိမ်း စစ်ကောင်စီရဲ့ ဒုတိယ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်လာတာ မတွေ့ရပါဘူး။
စစ်ကောင်စီရဲ့ ဝန်ကြီးတွေ အစုံတက်ရောက်သလို၊ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေ ဗီဒီယိုကွန်းဖရင့်စ်ကနေ တကိကြတယ်ဆိုတဲ့ အစည်းအဝေးမှာ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကလူကိုယ်တိုင်ရော ၊အွန်လိုင်းကပါ မတက်ရောက်ခဲ့ပါဘူး။
ဒုချုပ်စိုးဝင်း နဲ့ စစ်တပ်အရာတွေတွေကို ဧပြီ ၁၀ ရက်နေ့က မော်လမြိုင်မြို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ)ရှိ စုပေါင်းစစ်ဆင်ရေးခန်းမတွင် အရေးကြီးအစည်းအဝေးလုပ်နေချိန်မှာရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ Alpha Bats တပ်ခွဲရဲ့ကာမီကာဇေဒရုန်းတွေနဲ့ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ် ။အဲဒီတိုက်ခိုကိမှုကြောင့် သေဆုံးသူ ၊ထိခိုက်ဒဏ်ရာရသူများခဲ့ပြီး ဒုချုပ်စိုးဝင်းလည်း ဒဏ်ရာရခဲ့တယ်လို့ ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ် ။

Public Service Announcement
ဒုချုပ်စိုးဝင်းဟာ ပေါက်ကွဲဒဏ်ရာထက် အမိုးတန်း ပုခုံးပေါ်ပြုတ်ကျသည့်ဒဏ်ရာက ပိုမိုပြင်းထန်ခဲ့ကြောင်း၊ အရာရှိအရာခံ ၂၀ ကျော်ဒဏ်ရာရခဲ့ကြောင်း၊ ကစထ မှူး ညွန့်ဝင်းဆွေက ခြေထောက်ပဲထိပြီး စိုးဝင်းလောက် မစိုးရိမ်ရကြောင်း၊ အခုတော့ ၁/၁၀၀၀ စစ်ဆေးရုံမှာ ကုသခံနေရကြောင်း အထက်ပါတာဝန်ရှိသူက People’s Spring သို့ဧပြီ ၁၈ ရက်မှာပြောပါတယ် ။
“နေပြည်တော်ပြန်ရောက်သွားပြီ ။ဒဏ်ရာကတော့ရထားတယ် ။ဆေးကုသမှုကတော့ခံယူနေရဦးမှာပဲ။ကျန်တဲ့ နောက်ဆက်တွဲသတင်းတော့ သေချာ မသိရသေးဘူး”ဟုရှာထူးဝေါ် နည်းပညာတပ်ဖွဲ့မှ တာဝန်ရှိသူကဆက်ပြောသည်။
ဒါပေမယ့် ဧပြီ ၂၂ ရက်ကနေပြည်တော်မှာလုပ်ခဲ့တဲ့အစည်းအဝေးမှာတော့ ဒုချုပ်စိုးဝင်းထိုင်လေ့ရှိတဲ့ စစ်ခေါင်းဆောင်ရဲ့ ညာဘက်ထိပ်ဆုံးခုံးနေရာကို လစ်လပ်နေတာ အတိုင်းသားတွေ့ရပါတယ်။
တစ်ကယ်ဆိုရင် အာဏာသိမ်းဒုခေါင်းဆောင်ဟာ ဧပြီလ ၃ ရက်က ဗထူးတပ်နယ်က ဗိုလ်သင်ကျောင်းဆင်းပွဲကို တက်ရောက်ပြီးတဲ့နောက်ပိုင်းမှာ လူမြင်ကွင်းကနေပျောက်နေတာပါ။ဒါကြောင့် အဲဒီနေ့နောက်ပိုင်းရေတွက်မယ်ဆို လူမြင်ကွင်းကပျောက်နေတဲ့ရက်ပေါင်း ၂၀ ရှိပြီဖြစ်ပါတယ် ။စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရက်အကြာဆုံး လူမြင်ကွင်းက ပျောက်နေတာလည်းဖြစ်ပါတယ် ။
ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူက စစ်ကောင်စီအတွက် သတင်းဆိုးတွေဆိုရင် အမြဲ ငြင်းဆိုလေ့ရှိပါတယ် ။
အာဏာသိမ်းစစ်ခေါင်းဆောင်ဟာလည်း ဧပြီ ၄ ရက်နေ့မှာ နေပြည်တော်က သူ့အိမ်ကို ရှာထူးဝေါ်နည်းပညာသုံးကာမီကာဇေ ဆူဆိုက်ဒရုန်းတွေနဲ့ တိုက်ခိုက်ခံခဲ့ရသလို ဧပြီ ၁၄ ရက်တွင်လည်း ပြင်ဦးလွင်၌ရှိစဥ် ရှော့တိုက်ဒုံးဖြင့်တိုက်ခိုက်ခံခဲ့ရပြီး လွတ်မြောက်လာခြင်းဖြစ်သည်။
