သရဖူ/People’s Spring
နေပြည်တော်ရှိ စစ်ရုံးချုပ်၊ အေလာလေတပ်နှင့်အာဏာသိမ်းခေါင်းဆောင်အိမ်တို့အား ဒရုန်းများဖြင့်တိုက်ခိုက်ခဲ့သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုတစ်စုံတစ်ရာမရှိဆုတ်ခွာနိုင်ခဲ့ကြောင်း POA (Power of Ababil) ကသတင်းထုတ်ပြန်သည်။

Public Service Announcement
အဆိုပါ စစ်ဆင်ရေးကို ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ KLOUD Team ၊ Power of Ababil ( POA ) တပ်ဖွဲ့ ၊ တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်းအမှတ် (၃၅၀၂)တပ်ခွဲ (၁) Orion Drone Team တို့က မောင်းသူမဲ့ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ခြင်းဟု သတင်းထုတ်ပြန်ထားသည်။
စစ်ဆင်ရေးကို ဧပြီ ၄ ရက် နံနက်အစောပိုင်းတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးကနဦး သတင်းအချက်အလက်အရ အရာရှိအချို့အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦးထက်မနည်းသေဆုံးကြောင်းPOA Drone Team ကထုတ်ပြန်ထားသည် ။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုတစ်စုံတစ်ရာမရှိဆုတ်ခွာနိုင်ခဲ့ကြောင်းလည်းအသိပေးထားသည်။
“စစ်ရုံးချုပ်ကို ပစ်တယ်လို့ သတင်းတွေတက်လာတော့ PDF တွေ ဘေးကင်းပါ့မလား စိတ်ပူခဲ့တာ။ ဘေးကင်းပြီးဆိုမှ စိတ်ချနိုင်တာ။ ကျတော်တို့ စစ်ကို မျှော်တယ်ပြောလည်း ပြော။ နေပြည်တော် ပစ်မှတ်တွေကို ချဖို့လိုတာအမှန်ပဲ”ဟု နေပြည်တော်ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement
အာဏာသိမ်း စစ်ကောင်စီ၏ စစ်ရုံးချုပ်(ကက-ကြည်း)တည်ရှိရာနှင့် အေလာလေတပ်တို့ကို ယနေ့တွင် ဒရုန်းများဖြင့်တပြိုင်နက် တိုက်ခိုက်ခဲ့ကြောင်း ၊ ထိခိုက်မှုများရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန(MOD)ကထုတ်ပြန်ထားသည်။
တိုက်ခိုက်မှုသတင်းစတင်ထွက်ပေါ်လာချိန်၌ စစ်ကောင်စီထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များတွင် သတင်းအမှားဖြစ်ကြောင်း ရေးသားခဲ့ကြသည်။ နာရီနည်းငယ်ကြာတွင် စစ်ကောင်စီကဝန်ခံလိုက်ရသည်။နေပြည်တော်လေဆိပ်သို့ ပြန်သန်းလာသည့် ဒရုန်း လေးစီးနှင့် ဇေယျာသီရိမြို့နယ် ပျံသန်းလာသော ဒရုန်းသုံးစီး စုစုပေါင်း ၇စီးကို ပစ်ချနိုင်ခဲ့ပြီး လူနှင့်အဆောက်အဦး ထိခိုက်မှုမရှိဟု စစ်ကောင်စီကဆိုခဲ့သည်။
စစ်ရုံးချုပ်၊ အေလာလေတပ် နှင့် အာဏာသိမ်းခေါင်းဆောင်၏ အိမ်တို့အား Kamikaze ဒရုန်း အစင်း ၃၀ ကျော်ဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်ကပြောသည်။
NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကလည်း”ဒီနေ့ နေပြည်တော်”ဟု ခေါင်းစဥ်တပ်၍ဒရုန်း စစ်ဆင်ရေးနှင့်ပတ်သက်၍”ခရီးရှည်ဒရုန်းများရဲ့ ပထမဆုံးအတွေ့အကြုံပါပဲ။ဒရုန်းတစ်စင်းပါ ယမ်းပေါက်ကွဲအားက 107တစ်စင်းထက် ၂၀%ပိုပြင်းပြီး အနက်ဖောက်ထွင်းအားလည်း ပိုကောင်းပါတယ်။ပစ်မှတ်တိုင်းကို မှတ်ပုံတင်ထားလို့ ရပါပြီ” ဟု ရေးသားထားသည်။
