တမူးခရိုင်၊ မြို့သစ်မြို့ ၊ သနန်ကျေးရွာရှိ စစ်ကောင်စီ တပ်နှင့် ပျုစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီး စခန်းအားမီးရှို့ဖျက်ဆီးခဲ့သည်။
တမူး-ဟုမ္မလင်းလမ်းပေါ်ရှိ သနန်ကျေးရွာစခန်းကို သိမ်းပိုက်ရရှိခြင်းဟု တမူးPDF တပ်ရင်း(၄)နှင့် နီးစပ်သူတစ်ဦးကပြောသည်။
“သိမ်းထားလိုက်ပြီ။ မနေ့ နေ့ခင်းကတော့ဟတ်စကီရော၊ ဂျက်ဖိုက်တာရော လာတယ်။ ပစ်တော့ မသွားဘူး” ဟု ၎င်းကဆက်ပြောသည်။
နိုဝင်ဘာလ ၇ ရက်ကလည်း တမူး – ကလေး အာရှလမ်းမကြီးပေါ်ရှိ မန်မော်ကျေးရွာမှ စစ်ကောင်စီနှင့် ပျုစောထီးစခန်းကို တမူးPDF တပ်ရင်း(၄)ကစီးနင်းတိုက်ခိုက်ပြီး မီးရှို့ခဲ့သည်။
ယခုရက်ပိုင်းတွင် တမူးမြို့နယ်နှင့် ပတ်ဝန်းကျင်၌ တိုက်ပွဲများမကြာခဏဖြစ်ပွားနေသည်။ ပန်းသာရွာရှိ စစ်ကောင်စီစခန်းကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်နေသည်။

Public Service Announcement
ကလေး-တမူး အာရှအဝေးပြေးလမ်းပေါ်ရှိ ခမ်းပါတ်မြို့ကိုလည်း KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခေါင်လွန်း စစ်ဒေသမှူးအဖြစ် တာဝန်ယူထားသည့် အမှတ်(၁) စစ်ဒေသ၊ တမူးခရိုင် ကွပ်ကဲမှုအစီအစဉ်ဖြင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့်တော်လှန်
ရေးအဖွဲ့များက နိုဝင်ဘာ ၇ရက် နံနက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ခမ်းပါတ်မြို့ကို အပြည့်အဝတိုက်ခိုက်သိမ်းပိုက်နိုင်ပြီဟု အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)စစ်ရုံးချုပ်က သတင်းထုတ်ပြန်ထားသည်။
