Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကိုးကန့်ဒေသတိုက်ပွဲ အရာရှိအပါအဝင် စစ်ကောင်စီတပ်သေဆုံးမှုရှိ၊လက်နက်များရ၊ စခန်း ၂ခု ထပ်သိမ်းနိုင်ဟု MNDAA ထုတ်ပြန်

ကိုးကန့်ဒေသတိုက်ပွဲများ၌ စစ်ကောင်စီ၏ တပ်စခန်းအကြီးအသေး စုစုပေါင်း(၁၆၇)ခု သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်ကြောင်းလည်း MNDAAက ထုတ်ပြန်သည်။

( နိုဝင်ဘာ၂၂ ရက်က ကိုးကန့် ချစ်ကျူလင်စစ်ကောင်စီတပ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်ပြီး သိမ်ဆည်းရရှိသောပစ္စည်းများ။ ဓာတ်ပုံ - The Kokang)

ကိုးကန့်ဒေသတွင် နိုဝင်ဘာ ၂၂ရက်နှင့် ၂၃ရက်က တိုက်ပွဲများဖြစ်ပွားခဲ့ရာ ယမန်နေ့တွင် စစ်ကောင်စီတပ်စခန်း ၂ခုထပ်မံ သိမ်းပိုက်နိုင်ခဲ့ကြောင်း ကိုးကန့်တပ်မတော်(MNDAA)က ယနေ့သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ၂၃ ရက်တွင် MNDAAသည် ကိုးကန့်ဒေသ၏ မြောက်ပိုင်းနှင့် အလယ်ပိုင်းရှိ တပ်စခန်း(၂)ခုကိုထပ်မံသိမ်းဆည်းနိုင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား တစ်ဦး အလင်းဝင်လာကြောင်းဖော်ပြသည်။

နိုဝင်ဘာ ၂၂ရက်ကလည်း ကိုးကန့်ဒေသ လောက်ရှုကုတ်ရွာ တိုက်ပွဲ၌ စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှုကို MNDAAက ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် နောက်ပြန်ဆုတ်သွားကြောင်း၊ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာ (၆၀) မမ လက်နက်ကြီး ၂လက် ၊ ရိုင်ဖယ်(၄)လက် (၈၁အမျိုး အစား ၁ လက်အပါအဝင်) ၊ ပီစတိုတစ်လက်တို့ သိမ်းဆည်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် ဗိုလ်အဆင့်အရာရှိ အပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။ MNDAA၏ ရှေ့တန်းအရာရှိပြောကြားချက်အရ ယင်းနေ့ တိုက်ပွဲ၌ စစ်ကောင်စီဘက်မှ အနည်းဆုံး ၁၀ဦးသေဆုံးဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။

နိုဝင်ဘာ ၂၃ ရက် ညနေပိုင်းတွင်လည်း အင်အား ၅၀ကျော်ပါ စစ်ကောင်စီ စစ်ကူတပ် လောက်ရှုကုတ်နေရာသို့ ရောက်ရှိလာသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ကိုးကန့်ဒေသတိုက်ပွဲများ၌ စစ်ကောင်စီ၏ တပ်စခန်းအကြီးအသေး စုစုပေါင်း(၁၆၇)ခု သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်ကြောင်းလည်း MNDAAက ထုတ်ပြန်သည်။