Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မူဆယ်မြို့နယ် စယ်လန့်ရွာကို စစ်ကောင်စီက ပေါင် ၅၀၀ဗုံးဖြင့် ဗုံးကြဲတိုက်ခိုက်

စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် အရပ်သား ၆၀ကျော်သေဆုံးကာ ၁၀၀ ကျော်ဒဏ်ရာရရှိခဲ့သည်ဟု အသိပေးထားသည်။

(မူဆယ်မြို့နယ် စယ်လန့်ရွာကို စစ်ကောင်စီတပ်က ဂျက်လေယာဉ်ဖြင့် ဗုံးတိုက်တိုက်မှုကြောင့် မီးလောင်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - The Ta'ang Post)
(မူဆယ်မြို့နယ် စယ်လန့်ရွာကို စစ်ကောင်စီတပ်က ဂျက်လေယာဉ်ဖြင့် ဗုံးတိုက်တိုက်မှုကြောင့် မီးလောင်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - The Ta'ang Post)

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် စယ်လန့်ရွာကို စစ်ကောင်စီတပ်က ဂျက်လေယာဉ် အသုံးပြုကာ ဖျက်အားပြင်း ပေါင်(၅၀၀)ဗုံး အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

ယနေ့ (နိုဝင်ဘာလ ၂၄ ရက်)နံနက် အစော (ယမန်နေ့ည ၁၂နာရီ ၄၀မိနစ်)အချိန်တွင် စစ်ကောင်စီတပ်မှ လေကြောင်း တိုက်ခိုက်လာခြင်းဖြစ်ပြီး လူနေအိမ် တစ်လုံးထိခိုက်ပျက်စီးခဲ့သည်ဟု ဖော်ပြသည်။ ဒေသခံများ၏ ရုပ်သံဖော်ပြချက်များတွင် စယ်လန့်ရွာ ဗုံးကြဲမှုအတွင်း မော်တော်ကားအချို့လည်းပျက်စီးခဲ့သည်ကို တွေ့ရသည်။

ထို့ပြင် နမ့်ခမ်းမြို့နယ် သာယာကုန်းရပ်ကွက်ကိုလည်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ယမန်နေ့ည သန်းခေါင်တွင်ပစ်ခတ်ခဲ့ရာနေအိမ် မီးလောင် ပျက်စီးမှု ရှိခဲ့သည်ဟု TNLAက ထုတ်ပြန်သည်။

၁၀၂၇စစ်ဆင်ရေး စတင်ခဲ့သည့် အောက်တိုဘာ ၂၇ ရက်မှ ယနေ့ (နိုဝင်ဘာ ၂၄ရက်)အထိ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးနှင့် မီးလောင်ဗုံးအသုံးပြု ပစ်ခတ်မှုကြောင့် အရပ်သားနေအိမ် ၂၀၀နီးပါ ထိခိုက်၊ မီးလောင်ပျက်စီးခဲ့ရကြောင်း အသိပေးထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် အရပ်သား ၆၀ကျော်သေဆုံးကာ ၁၀၀ ကျော်ဒဏ်ရာရရှိခဲ့သည်ဟု အသိပေးထားသည်။

Public Service Announcement

Public Service Announcement