ကရင်နီ(ကယား)ပြည်နယ်၌ စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်သား ၅၀ ကျော်သေဆုံး ပြီးကရင်နီပူးပေါင်းတပ်မှ ၁၁ ဦးကျဆုံးခဲ့ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က ယနေ့ထုတ်ပြန်သည်။
PKPF ၏ လစဥ် ထုတ်ပြန်သည့် အချက်အလက် များအရ ကရင်နီပြည် စစ်ရေး၊ နိုင်ငံရေး၊ လူ့အခွင့်အရေးအချိုးဖောက်ခံရခြင်းများကိုလည်း ဖော်ပြထားသည်။
စစ်တပ်က အာဏာသိမ်းပြီး ၂၀၂၁ခုနှစ်၊ ဖေဖော် ဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ခုနှစ် စက်တင်ဘာလ ( ၃၀ ) ရက်အထိ အရပ်သားပြည်သူ (၃၈၂ ) ဦး ကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့သည်။
ထို့အပြင် မတရားဖမ်းဆီးခံရသူ (၁၈၃) ဦးရှိပြီး စစ်ဘေးရှောင်စဥ်သေဆုံးခဲ့ရသူ ၁၄၂ ဦးရှိကာ ဘာသာရေးအဆောက်အုံး ၄၂ လုံး နှင့် နေအိမ် ၁,၈၉၁ လုံး ပျက်စီးခဲ့သည်။
“ပြီးခဲ့တဲ့လ တိုက်ပွဲတွေအများစုက တော့ ဖရူဆို- ဘောလခဲ နယ်မြေထဲမှာ အများစုဖြစ်တာပေါ့။ဖားဆောင်းဘက်မှလည်း ထိတွေ့မှုရှိတယ်။အခု ထိလည်း ဖရူဆို-ဘောလခဲ တိုက်ပွဲက မပြီးသေးပါဘူး”ဟု ကရင်နီဒေသတွင်းစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ပြောသည်။

Public Service Announcement
စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်သား ၅၁ ဦး သေဆုံးခဲ့ကာ ကရင်နီတပ်ပေါင်းစု(KNDF/PDF/KA) မှ ၁၁ ဦးကျဆုံးခဲ့ကြောင်း ဖော်ပြထားသည်။စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နယ်တွင်းတိုက်ပွဲများတွင်စစ် ကောင်စီတပ်သား ၂,၃၈၇ သေဆုံးခဲ့ပြီး ကရင်နီတပ်ပေါင်းစု မှ တပ်ဖွဲ့ဝင် ၃၃၃ ဦးကျဆုံးခဲ့ကြောင်းလည်းPKPF ၏အချက်အလက်များအရ သိရသည်။
PKPF သည် ကရင်နီလူငယ်များဖြင့်ဖွဲ့စည်းကာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကရင်နီပြည်တွင် လူအခွင့်အရေးချိုးဖောက်မှုများကို အချက်အလက်စုဆောင်းသုတေသနပြုလုပ်၍လစဥ်ထုတ်ပေးနေသည်။ ယခုအချက်အလက်များမှာPKPF လက်လှမ်းမိသမျှ ပြုစုထားခြင်းဖြစ်ပြီး မြေပြင်အချက်အလက်များနှင့် အနည်းငယ် အပြောင်းအလဲ ဖြစ်နိုင်ကြောင်းလည်းသိရသည်။
သုံးလ ကျော်ကြာ ကရင်နီပူးပေါင်းတပ်က ထိန်းချုပ် ထားသည့် မယ်စဲ့ မြို့ကို ပြန်လည်ရရှိရန် စစ်ကောင်စီက ကြိုးပမ်းနေပြီး အစီးရေ ၁၀၀ ကျော်ပါသည့် စစ်ယာဥ်တန်းကို စစ်ကောင်စီတပ်က လွိုင်ကော်မြို့မှ ဘောလခဲသို့ သြဂုတ်လမှစ၍ ပြည်ထောင်စုလမ်းအတိုင်းသွားနေရာ ကရင်နီတပ်ပေါင်းစုများက ကြားဖြတ်တိုက်ခိုက်လျှက်ရှိပြီး ဖြတ်သန်းရာလမ်းတစ်လျှောက်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျှက်ရှိသည်။
