▪︎ကရင်နီတပ်ပေါင်းစုမှ ၂၅၉ ဦးကျဆုံးခဲ့
▪︎ပြည်သူ ၂၇၉ ဦးမတရားဖမ်းဆီးခံရပြီး ၊စစ်ဘေးရှောင်ပြည်သူ ၁၃၄ ဦးသေဆုံး
▪︎စစ်တပ်က စားသောက်ကုန်များသယ်ယူခွင့်ကိုပိတ်ထား
ကရင်နီ(ကယား)ပြည်နယ်တွင် စစ်ကောင်စီအာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်အတွင်း တိုက်ပွဲပေါင်း ၆၆၃ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၂,၀၀၀ နီးပါး သေဆုံးကြောင်း တိုးတက်သောကရင်နီပြည်သူ့ အင်အားစုPKPF က ယနေ့ ထုတ်ပြန်သည်။
အာဏာသိမ်းစ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ( ၁ )ရက်မှ ၂၀၂၃ခုနှစ် ဧပြီလ( ၃၀ )ရက်နေ့အထိ ၂၇ လအတွင်း ကရင်နီပြည် စစ်ရေး၊ နိုင်ငံရေး၊ လူ့အခွင့်အရေးအချိုးဖောက်ခံရမှု များကို PKPF က ပြုစုထားခြင်းဖြစ်သည်။

အဆိုပါစာရင်းများအနက် ကရင်နီ(မိုးဗြဲ၊ဖယ်ခုံမြို့နယ် တို့အပါအဝင်) ပြည်နယ်တွင်တိုက်ပွဲပေါင်း ( ၆၆၃ ) ကြိမ် ဖြစ်ပွားခဲ့ပြီးကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF၊ကရင်နီတပ်မတော် KA နှင့် PDF တပ်ဖွဲ့ဝင် ၂၅၉ ဦး ကျဆုံးခဲ့ကာ စစ်ကောင်စီတပ်သား ၁,၉၉၅ ဦး သေဆုံး ခဲကြောင်းဖော်ပြထားသည်။စစ်တပ်ယာဥ်တန်းများကိုလည်းကရင်နီပူးပေါင်းတပ်များက မကြာခဏတိုက်ခိုက်ရာ စစ်ကားပျက်စီးမှု (၆၁) စီးရှိသည်ဟုလည်းဆိုသည်။
ထိခိုက်သေဆုံးသူများနေသည့် စစ်ကောင်စီတပ်က လေကြာင်းတိုက်ခိုက်မှုများပိုလုပ်လာရာ ၂၀၂၁ ခုနှစ်တွင် နှစ်ကြိမ်၊၂၀၂၂ ခုနှစ်တွင် ၁၈၂ ကြိမ် နှင့် ၂၀၂၃ ခုနှစ်(လေးလအတွင်း) ၁၇၉ ကြိမ်အထိ တိုးမြင့်လာ နေသည်။
“မြေပြင် တိုက်ပွဲတွေအသေထွက် ၊အရှင်ထွက်တွေနဲ့ အရေးနိမ့်နေတဲ့ စစ်ကောင်စီရဲ့ နောက်ဆုံး လက်နက် ဖြစ်တဲ့ လေကြောင်းကို အားကိုးလာနေရတာ က သူတို့ ရှုံးနေတယ်ဆိုတဲ့ လက္ခဏာပဲ။အခုက စစ်ဘေးရှောင်ပြည်သူ နေရာတွေပါမရှောင် လေယာဥ်နဲ့ ဗုံးကျဲနေတာ ကတော့ ပြည်သူအပေါ်အကြမ်းဖက်နေတာ”ဟု ဒီးမော့ ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။




ထို့အပြင်စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီဒေသ တွင် စစ်ဘေးရှောင်စဥ်သေဆုံးရသူ ( ၁၃၄ )ဦးထိရှိ ခဲ့သည်။ သေဆုံးရသည့်အကြောင်းအသေးစိပ်ကိုမူဖော်ပြထားခြင်းမရှိပေ။
“အခုက အခြေ ခံစားသောက်ကုန်ဖြစ်တဲ့ ဆန်က အစ သယ်လို့ရဘူး။ပိတ်ထားတယ်။အစစ်အဆေးအရမ်း ကြမ်းတယ်။လူထု အခက်အခဲ ဖြစ်အောင် စစ်ကောင်စီက နည်းမျိုးစုံ ကြိုးပမ်းနေတာ။နိုင်ငံတကာအဖွဲ့အ စည်း တွေအနေနဲ့ကလည်း စစ်ကောင်စီရဲ့ ဟန့်တားမှုကို မကျော်လွန်နိုင်သေးဘူး။အခု က ကရင်နီ ရဲ့ စစ် ဘေးရှောင်အရေးက ခက်ခဲရင်း ပိုခက်ခဲလာနေတဲ့ အခြေအနေဖြစ်နေတယ်”ဟု ကရင်နီစစ်ဘေးရှောင်ကူ ညီကယ်ဆယ်ရေး အဖွဲ့တာဝန်ရှိသူက ရှင်းပြသည်။


ကရင်နီပြည် ဒီးမော့ဆို၊ ဖရူဆို ၊ လွိုင်ကော်၊ဖယ်ခုံ နှင့်ပင်လောင်းမြို့နယ်များတွင် စစ်ဘေးရှောင်ပြည်သူ နှစ်သိန်းခွဲကျော်ရှိနေသည်။
စစ်ကောင်စီ၏ လေကြောင်းမှတိုက်ခိုက်မှု နှင့် စစ်ကြောင်းထိုးစဥ်မီးရှို့ခံခဲ့ရသည့် ဘာသာရေးအ ဆောက်အုံး(၃၄)လုံး ပျက်စီးပြီး နေအိမ် (၁,၄၉၇) လုံး ပျက်စီးထားသည်။
စစ်ကောင်စီတပ်ကမတရားသဖြင့်ဖမ်းဆီးခံရသောပြည်သူ(၂၇၉) ဦးရှိကြောင်းလည်းPKPF ကဆိုသည်။
