ရှမ်း-ကရင်နီ(ကယား)ပြည်နယ်အစပ် ဖယ်ခုံမြို့နယ်တွင် ၁၀ ရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ အရာရှိတစ်ဦးအပါအဝင် ၂၇ ဦးသေဆုံးကာ လက်နက်များနှင့် ခဲယမ်းများစွာသိမ်းဆည်းရမိကြောင်း PDF – ဖယ်ခုံက ယနေ့ ထုတ်ပြန်သည်။
စစ်ကောင်စီ၏ အမှတ် (၇) စစ်အခြေခံ လေ့ကျင့်ရေးတပ်အပါအဝင် တပ်မ (၆၆) လက်အောက်ခံတပ်ရင်းများက ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာအုပ်စု၊ ခေါင်းအိကျေးရွာ နှင့် စက်တော်ကျေးရွာသို့ ရက်ရှည်လများ ထိုးစစ်ဆင်လာခဲ့ခြင်းဟု ဆိုသည်။
ထိုသို့ ထိုးစစ်ဆင်လာမှုကို ဇွန်လ ၃ ရက်မှဇွန် ၁၃ ရက်နေ့အထိPDF – Pekhon တပ်ရင်းအမှတ် (၁၀၀၂) နှင့်အတူ LKPDF၊DMO-PDFs၊ (1101, 1102, 1106, 1107 တို့၏) ပူပေါင်းစစ်ကြောင်း MBPDF 1007၊ 1009၊1008၊ 1005 ပူးပေါင်းစစ် ကြောင်းKRU နှင့် KNDF တို့က ပြန်လှန်ခုခံ တိုက်ခိုက်ခဲ့ကြောင်းအသိပေးသည်။


“နေ့စဥ်နဲ့အမျှ တိုက်ပွဲက ဖြစ်ခဲ့တာ။တိုက်ပွဲ ပြင်းထန်တယ်လို့ ပြောလို့ရတယ်။အခုလက်ရှိလည်း သက် ဆိုင်ရာတပ်ဖွဲ့တွေအလိုက်တာဝန်ယူပြီး တိုက်နေ တုန်းပါပဲ”ဟု PDF – Pekhon တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
တိုက်ပွဲအတွင်းတွင် စစ်ကောင်စီဘက်မှ အရာရှိ (၁) ဦးအပါအဝင် စုစုပေါင်း (၂၇) ဦး သေဆုံးပြီး များစွာထိခိုက်ဒဏ်ရာရခဲ့ကြောင်းဖော်ပြသည်။
ထို့အတူ စစ်ကောင်စီထံမှ MA – 2တစ် လက်၊ MA – 3 တစ် လက်နှင့် ခဲယမ်းများစွာသိမ်းဆည်းရရှိခဲ့သည်။
ထိခိုက်သေဆုံးမှုများသောကြောင့် စစ်ကောင်စီက ဖယ်ခုံ စကခ (၇) နှင့် လက်နက်ကြီး ထိုင်ထားသော ၃၃၆ တပ် ပတ်ဝန်းကျင် တို့မှ (၃)ရက် ဆက်တိုက် လက် နက်ကြီးများဖြင့်အကြိမ်ရေများစွာပစ်ခတ်ခဲ့သည်။
လက်နက်ကြီးဖြင့်ပစ်သောကြောင့်MBPDF (1007) တပ် ရင်းမှ ရဲဘော်နှစ် ဦးကျဆုံးခဲ့ပြီး ရဲဘော်အချို့လည်း ထိခိုက်ဒဏ်ရာရခဲ့သည်။
