Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ယူကရိန်း သမ္မတရဲ့ ဇာတိမြို့ကို ရုရှားက ဒုံးကျည်တွေနဲ့ တိုက်ခိုက်လို့ လူတစ်ဒါဇင်နီးပါး သေဆုံး

ရုရှားရဲ့ ဒုံးကျည်ဒဏ်ကြောင့် နောက်ထပ် ၂၅ ဦးထက်မနည်း ဒဏ်ရာရပြီး ၂ ဦးရဲ့ အခြေအနေက စိုးရိမ်ရတယ်လို့ မြို့ခံ ပြည်သူ့ဆေးရုံ အကြီးအကဲက အတည်ပြုပါတယ်။

ယူကရိန်း သမ္မတရဲ့ ဇာတိမြို့ကို ရုရှားက ဒုံးကျည်တွေနဲ့ တိုက်ခိုက်လို့ လူတစ်ဒါဇင်နီးပါး သေဆုံး
ယူကရိန်း သမ္မတရဲ့ ဇာတိမြို့ကို ရုရှားက ဒုံးကျည်တွေနဲ့ တိုက်ခိုက်လို့ လူတစ်ဒါဇင်နီးပါး သေဆုံး

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးရဲ့ ဇာတိမြို့ကို ရုရှားက ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် လူတစ်ဒါဇင် ဝန်းကျင်လောက် သေဆုံးခဲ့ပါတယ်။

ခရိုင်ဗ်ရီရားဟ်မြို့က လူနေတိုက်ခန်းတွဲ တစ်ခုနဲ့ ကုန်လှောင်ရုံ တချို့ကို ရုရှားဒုံးကျည်တွေ ထိမှန်ခဲ့ရာက အနည်းဆုံး လူ ၁၁ ဦး သေဆုံးခဲ့တယ်လို့ မြို့အုပ်ချုပ်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။ လူနေတိုက်ခန်းတွဲမှာ သေဆုံးသူ ၄ ဦးနဲ့ ကုန်လှောင်ရုံတွေဖက်မှာ သေဆုံးသူ ၇ ဦး ရှိကြောင်း ကယ်ဆယ်ရေးတွေက ဆိုပါတယ်။

ကုန်လှောင်ရုံတွေဟာ ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုရဲ့ အချိုရည်တွေ ထားရှိတဲ့ နေရာဖြစ်ပြီး စစ်ရေးပစ်မှတ် လုံးဝ မဟုတ်ဘူးလို့ မြို့တော်ဝန် အိုလက်ဇန္ဒာ ဗီလ်ကူလ်က ပြောပါတယ်။

ရုရှားရဲ့ ဒုံးကျည်ဒဏ်ကြောင့် နောက်ထပ် ၂၅ ဦးထက်မနည်း ဒဏ်ရာရပြီး ၂ ဦးရဲ့ အခြေအနေက စိုးရိမ်ရတယ်လို့ မြို့ခံ ပြည်သူ့ဆေးရုံ အကြီးအကဲက အတည်ပြုပါတယ်။

ခရိုင်ဗ်ရီရားဟ်မြို့မှာ မွေးဖွားခဲ့တဲ့ သမ္မတ ဇီလန်စကီးက အခုတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပါတယ်။

ရုရှားဟာ အရပ်ဖက် ပစ်မှတ်တွေကို ကျင့်ဝတ်မဲ့ တိုက်ခိုက်မှုတွေ ဆက်လက် ကျူးလွန်နေကြောင်း၊ ဒီအကြမ်းဖက်မှုတွေကို ဘယ်တော့မှ ခွင့်လွှတ်နိုင်မှာ မဟုတ်သလို ရုရှား အစိုးရ အနေနဲ့ သူတို့ ပစ်လွှတ်ခဲ့သမျှ ဒုံးကျည်တိုင်းအတွက် တာဝန်ယူ ပေးဆပ်ဖို့လိုကြောင်း ဇီလန်စကီးက Telegramမှာ ရေးသားထားခဲ့ပါတယ်။

ရုရှားဟာ အိမ်နီးချင်း ယူကရိန်း နိုင်ငံကို ကျူးကျော်ခဲ့ချိန်ကစလို့ အရပ်ဖက် ပစ်မှတ်တွေကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ကြောင်း အထောက်အထားတွေ ခိုင်ခိုင်မာမာ ရှိခဲ့ပေမယ့် အစဉ်တစိုက် ငြင်းဆိုထားပါတယ်။