စစ်ကောင်စီတပ်သား နှစ်ဦးသေဟုဆို
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင် စစ်ကောင်စီတပ်က အင်အား ၇၀ကျော်ဖြင့် စစ်ကြောင်းထိုးလာ၍ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးခဲ့ကြောင်း CDF-ကန်ပက်လက်မှ တာဝန်ရှိသူက ပြောသည်။
ယမန့်နေ့(ဧပြီ ၂၉ ရက်)က စစ်ကောင်စီတပ်သားများသည် ကျင်ဒွေးစခန်းမှ အင်အား ၇၀ကျော်ဖြင့် CDFထိန်းချုပ်နယ်မြေအတွင်းသို့ ကျူးကျော်ဝင်လာခြင်းကြောင့် နေ့လယ် ၂နာရီတွင် တိုက်ပွဲစတင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
“ကျနော်တို့ဘက်ကို စစ်ကြောင်းထိုးတာပါ။လက်ရှိကတော့ ကျင်ဒွေးစခန်းထဲ ပြန်ဆုတ်သွားကြပါပီဗျ”ဟု CDF- ကန်ပက်လက်တာဝန်ရှိသူက ပြောသည်။
တိုက်ပွဲမှာ နာရီဝက်ခန့်ကြာမြင့် ကျင်ဒွေးနှင့် ငါးအော်ကျင်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

CDF-ကန်ပက်လက်သည် ဧပြီ ၂၆ရက်ကလည်ူ ကန်လက်လက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအား ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။ ထိုသို့ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။
ထိုပြင် ဧပြီ ၂၀ ရက်ကလည်း ကန်ပက်လက်မြို့အ.ထ.က (၁)တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို ဝင်ရောက်ပစ်ခတ်ရာတွင်လည်း စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုများတွင် CDF-ကန်ပက်လက်မှ ရဲဘော်များအထိအခိုက်မရှိကြောင်း အဆိုပါတာဝန်ရှိသူက ပြောသည်။
