စစ်တပ်အာဏာသိမ်းလို့ နိုင်ငံတဝှမ်း ပဋိပက္ခတွေ ဆက်လက်မြင့်တက်နေပြီး လက်ရှိ မတ်လအတွင်းမှာတင် နေရပ်စွန့်ခွာတိမ်းရှောင်ရသူဦးရေ တစ်သိန်း ကျော်ရှိလာ တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး ရဲ့စာရင်းအရသိရပါတယ်။
အာဏာသိမ်းစသိမ်းချိန်ကနေ ဒီနှစ် ၂၀၂၃ ဖေဖော်ဝါရီလကုန်အထိ ပြည်တွင်းမှာနေရပ်စွန့်ခွာထွက်ပြေးရသူ ၁၃သိန်းကျော်ရှိခဲ့တာပါ။
အဲဒီအရေအတွက်ကနေ မတ်လ ၁၃ ရက် အရောက်မှာ တစ်သိန်းကျော် ထပ်တိုးလာပြီး နေရပ်စွန့်ခွာ ထွက်ပြေးရသူဦးရေ ၁၄ သိန်းကျော်ရှိလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
နေရပ်စွန့်ခွာတိမ်းရှောင်ရသူအများစုဟာ စစ်ကိုင်းတိုင်း၊မကွေးတိုင်း ၊ ကရင်ပြည်နယ် ၊ ကယားပြည်နယ် နဲ့ချင်းပြည်နယ်တို့ရှိရာ နိုင်ငံ အနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းဒေသတွေဖြစ်တယ်လို့သိရပါတယ်။
