Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဆွေမျိုးသားချင်း ကောင်းစားရေး ဝါဒကို စွန့်ပယ်ကြဖို့ အာဖဂန် တာလီဘန်ခေါင်းဆောင် ညွှန်ကြား

တာလီဘန် အစိုးရ အဖွဲ့ထဲက အရာရှိ တချို့ဟာ အရေးကြီးတဲ့ လက်အောက် ရာထူးတွေမှာ သူတို့ရဲ့ သားတွေ၊ တူတွေကို နေရာပေး ခန့်အပ်ထားကြောင်း စွပ်စွဲမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာတဲ့နောက် တာလီဘန် ခေါင်းဆောင် ဟီဘာတူလာ အက်ဇ်ခွန်ဇာဒါးက အဲဒီကိစ္စမျိုးတွေ ရပ်တန်းက ရပ်ဖို့ ကတိုက်ကရိုက် အမိန့် ထုတ်ခဲ့ရတာပါ။

ဆွေမျိုးသားချင်း ကောင်းစားရေး ဝါဒကို စွန့်ပယ်ကြဖို့ အာဖဂန် တာလီဘန်ခေါင်းဆောင် ညွှန်ကြား
ဆွေမျိုးသားချင်း ကောင်းစားရေး ဝါဒကို စွန့်ပယ်ကြဖို့ အာဖဂန် တာလီဘန်ခေါင်းဆောင် ညွှန်ကြား

ဆွေမျိုးသားချင်း ကောင်းစားရေး ဝါဒကို စွန့်လွှတ်ကြဖို့ အစိုးရ အရာရှိတွေကို အာဖဂန် နစ္စတန် တာလီဘန် ခေါင်းဆောင်က အမိန့်ထုတ်ပြန်ပြီး ညွှန်ကြားလိုက်ပါတယ်။

စစ်သွေးကြွ အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ တာလီဘန်ဟာ ၂၀၂၁ ခုနှစ်မှာတော့ ကဘူးလ်မြို့တော်ကို သိမ်းပိုက်လိုက်ပြီး အစိုးရ အဖွဲ့ကို စတင် လည်ပတ်ခဲ့ပါတယ်။ အမေရိကန်နဲ့ အနောက်မဟာမိတ် နိုင်ငံတွေ ပြန်လည် ဆုတ်ခွာသွားခြင်းက အာဖဂန် တစ်နိုင်ငံလုံးကို တာလီဘန် ထိန်းချုပ်မှုအောက် ပြန်လည် ရောက်ရှိသွားစေခဲ့ပါတယ်။

တာလီဘန် အစိုးရ အဖွဲ့ထဲက အရာရှိ တချို့ဟာ အရေးကြီးတဲ့ လက်အောက် ရာထူးတွေမှာ သူတို့ရဲ့ သားတွေ၊ တူတွေကို နေရာပေး ခန့်အပ်ထားကြောင်း စွပ်စွဲမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာတဲ့နောက် တာလီဘန် ခေါင်းဆောင် ဟီဘာတူလာ အက်ဇ်ခွန်ဇာဒါးက အဲဒီကိစ္စမျိုးတွေ ရပ်တန်းက ရပ်ဖို့ ကတိုက်ကရိုက် အမိန့် ထုတ်ခဲ့ရတာပါ။

လက်ရှိ အချိန်မှာ တူတွေ၊ သားတွေနဲ့ တခြားဆွေမျိုးတွေကို ရာထူးခန့်အပ်ထားတာမျိုး ရှိရင်လည်း ချက်ချင်း ပြန်ထုတ်ပြီး တခြား သင့်လျော်သူတွေနဲ့ အစားထိုးဖို့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ထုတ်ပြန်တဲ့ ညွှန်ကြားချက်မှာ အတိအလင်း ဖော်ပြထားတာ တွေ့ရပါတယ်။

အာဖဂန်ဟာ တာလီဘန် အုပ်စိုးမှုအောက် တကျော့ပြန် ကျရောက်သွားချိန် ကတည်းက ကဏ္ဍပေါင်းစုံ ဆုတ်ယုတ်မှုတွေ ကြုံနေရပါတယ်။ နိုင်ငံတကာရဲ့ ဖယ်ကြဉ်မှုတွေကြောင့် နိုင်ငံ စီးပွားရေး သိသိသာသာ ကျဆင်းလာချိန်မှာ တာလီဘန်တွေက အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို ပိုမို ချိုးနှိမ်လာတာကြောင့်လည်း နိုင်ငံရဲ့ အထီးကျန် ရပ်တည်မှုကို ဆိုးသထက် ဆိုးရွားလာစေခဲ့ပါတယ်။

လက်ရှိ အချိန်မှာတော့ တာလီဘန်တွေက အမျိုးသမီးတွေကို နေရာတော်တော်များများမှာ အလုပ်လုပ်ခွင့် မပြုတော့သလို နိုင်ငံအနှံ့မှာ အထက်တန်းနဲ့ တက္ကသိုလ်ကျောင်းတွေ တက်ရောက်ခွင့် မပြုတော့ပါဘူး။ ဒါ့အပြင် နိုင်ငံတကာ ထောက်ပံ့ရေး အဖွဲ့အစည်းတွေက အမျိုးသမီးတွေကိုလည်း ပြည်ဝင်ခွင့် မပြုတာကြောင့်လည်း တာလီဘန် အစိုးရနဲ့ နိုင်ငံတကာ အသိုက်အဝန်းကြားက ဆက်ဆံရေးမှာ တင်းမာမှုတွေ ပိုမို မြင့်တက်စေခဲ့ပါတယ်။

Facebook

You May Also Like

သတင်း

မတ်လ ၁၃ရက် ညနေက စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုအတွင်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့၊ တမူးခရိုင်တပ်ရင်း(၁)မှ ရဲဘော်နှစ်ဦး ဒဏ်ရာရခဲ့ပြီး တစ်ဦးဒဏ်ရာပြင်းထန်၍ ယနေ့ညအထိ ဆေးကုသမှုခံယူနေဆဲဖြစ်ကြောင်း သတင်းရရှိသည်။

သတင်း

စစ်​ကောင်စီနှင့်ပူး​ပေါင်း၍ ​ဈေးအတွင်းဆက်​ကြေး​ကောက်​နေ​၍ ပြည်သူများကိုဒုက္ခ​ပေး​နေ​သောသကုန်းကျေးရွာမှ ပျူစောထီးခေါင်းဆောင် တင်မြင့်ကိုမတ်လ ၁၀ ရက် နံနက် ၇ နာရီခွဲတွင် သရက်ကုန်းဈေးအတွင်း သေနတ်ဖြင့်ပစ်၍ရှင်းလင်းခဲ့ကြောင်း ပဲခူးတိုင်း PDF ကသတင်းထုတ်ပြန်သည်။

သတင်း

ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်ရှိ ရှု​ဒေါင်းသစ်လက်ဖက်ရည်ဆိုင်အတွင်းသို့ စစ်ကောင်စီတပ်က ယမန်နေ့(မတ်လ ၇ရက်)ည ၈နာရီခန့်တွင် ဝင်ရောက်အကြမ်းဖက်ပြီး လက်ဖက်ရည်သောက်နေသော အမျိုးသား ခုနစ်ဦးကို ဖမ်းဆီးသွားခြင်းဟု ဒေသခံများက ပြောသည်။

သတင်း

အကြမ်းဖက်စစ်အုပ်စုအနေဖြင့် တော်လှန်ရေးအင်အားစုများ ညီညီညွတ်ညွတ်ဖြစ်သွားမည်ကို အကြောက်ဆုံးဖြစ်သည်ဟု ဦးနေဘုန်းလတ်က ပြောသည်။