ကရင်နီဘက်က စစ်ဘေးရှောင်ကျောင်းသားတွေအတွက် ပရိသတ်တွေနဲ့အတူ စာသင်ဆောင်နှစ်ဆောင် လှူဒါန်းခဲ့တယ်လို့ ဒေါင်းကပြောပါတယ်။
” ဒီတိုင်းအလွတ်ကြီးလည်းအလှူလည်းမခံချင်တော့ ကျွန်တော်စာဖတ်တာနားထောင်ချင်တဲ့ပရိသတ်တွေကို စာဖတ်ပြခဲ့တယ်။သူတို့က အလှူထည့်ကြတယ်။ဒါနဲ့ပဲ ဒီကျောင်းဆောင်လေးနှစ်ဆောင်ဖြစ်လာခဲ့တယ်” လို့ လှူထားတဲ့မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ဒေါင်းက အသိပေးထားပါတယ်။


အလှူရှင်နေရာမှာ သရုပ်ဆောင်ဒေါင်း နှင့် သူ၏ ချစ်ရသူများလို့ ရေးသားထားတဲ့အပေါ် ဒီအစီအစဉ်မှာပါဝင်ခဲ့တဲ့ ပရိသတ်တွေက ကျေနပ်ကြောင်း မှတ်ချက်တွေရေးထားကြပါတယ်။
“ ဖိနပ်ကလေးနဲ့ ထမင်းပန်းကန်လေးတွေအာဏာရူးတရားခံတွေကြောင့်သွေးမစွန်းစေချင်တော့ဘူးနိုင်တဲ့အထိ ကြိုးစားကြရအောင်” လို့ ဒေါင်းက တိုက်တွန်းထားပါတယ်။
သရုပ်ဆောင်ဒေါင်းက တော်လှန်ရေး အတွက် အထောက်အပံ့ပြုလုပ်နိုင်ဖို့ အနုပညာအလုပ်တွေ ပြန်လုပ်ဖြစ်နေတယ်လို့ People’s Spring ကိုဖြေကြားထားပါတယ်။
မတ်လဆန်းပိုင်းမှာလည်း သရုပ်ဆောင်ပိုင်ဖြိုးသုနဲ့ အတူ မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက် ရုပ်ရှင် အကြောင်း ပရိသတ်တွေနဲ့ စကားဝိုင်းပြုလုပ်ပြီး ရန်ပုံငွေရှာဖွေခဲ့ပါသေးတယ်။
