Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

‘အမျိုးသမီးစွမ်းရည်မြင့်အလုပ်ရုံ’ကိုဖျက်ဆီးဖမ်းဆီးမှုပြည်သူများလွတ်လပ်စွာပညာသင်ကြားခွင့်အားပိတ်ပင်ခြင်းဖြစ်၍စစ်​ကောင်စီကိုနိုင်ငံတကာကပိုအ​ရေးယူရန်KHRW​တောင်းဆို

စစ်ကောင်စီတပ်သည် အဆိုပါအမျိုးသမီးစွမ်းရည်မြင့်အလုပ်ရုံကို မတ်လ ၁၈ရက်ညနေတွင် အင်အားအများအပြားဖြင့် ဝင်​ရောက်စီးနင်းပြီး ဖျက်ဆီးခဲ့ခြင်းကြောင်း ဒေသခံများကပြောသည်။

ဖားကန့်ရှိ အမျိုးသမီးစွမ်းရည်မြင့်အလုပ်ရုံဖျက်ဆီးမခံရခင်က​တွေ့ရပုံ။ဓါတ်ပုံ-KHRW
ဖားကန့်ရှိ အမျိုးသမီးစွမ်းရည်မြင့်အလုပ်ရုံဖျက်ဆီးမခံရခင်က​တွေ့ရပုံ။ဓါတ်ပုံ-KHRW

ဖားကန့်မြို့မှအမျိုးသမီးစွမ်းရည်မြင့် အလုပ်ရုံကို စစ်ကောင်စီတပ်က ဖျက်ဆီးပြီး ပြည်သူနှစ်ဦအား ဖမ်းဆီးသွားခြင်းသည် ပြည်သူလူထုများ၏ လွတ်လပ်စွာ ပညာသင်ကြားပိုင်ခွင့်ကို ဟန့်တားပိတ်ပင်လာခြင်းဖြစ်ပြီး နိုင်ငံတကာ အစိုးရများအနေဖြင့်စစ်ကောင်စီ၏ စီးပွားရေး၊ နိုင်ငံရေးတို့ကို ပိုမိုပိတ်ဆို့ အရေးယူဆောင်ရွက်ပါရန် Kachine Human Rights Watch – KHRWကကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်သည်။

ဖားကန့်မြို့၊မှော်စီဆာရပ်ကွက်တွင်ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးဖောင်ဒေရှင်းကဆောက်လုပ်ထားသော အမျိုးသမီးစွမ်းရည်မြင့် အလုပ်ရုံကို စစ်ကောင်စီတပ်က ဖျက်ဆီးခြင်းနှင့်ပတ်သက်၍ ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ KHRW က ယနေ့(မတ်လ ၂၀ရက်)တွင် ထုတ်ပြန်ခြင်းဖြစ်သည်။

စစ်​ကောင်စီတပ်က အလုပ်ရုံကိုဖျက်ဆီးပြီး​တွေ့ရစဥ်။ ဓါတ်ပုံ-KHRW
စစ်​ကောင်စီတပ်က အလုပ်ရုံကိုဖျက်ဆီးပြီး​တွေ့ရစဥ်။ ဓါတ်ပုံ-KHRW

စစ်ကောင်စီတပ်သည် အဆိုပါအမျိုးသမီးစွမ်းရည်မြင့်အလုပ်ရုံကို မတ်လ ၁၈ရက်ညနေတွင် အင်အားအများအပြားဖြင့် ဝင်​ရောက်စီးနင်းပြီး ဖျက်ဆီးခဲ့ခြင်းကြောင်း ဒေသခံများကပြောသည်။

“ နိုင်ငံတကာအစိုးရများအနေဖြင့်လူ့အခွင့်အရေးချိုးဖောက်မှုနေသည့် အကြမ်းဖက်စစ်ကောင်စီ၏ စီးပွားရေး၊ နိုင်ငံရေးတို့ကို ပိုမိုပိတ်ဆို့ အရေးယူဆောင်ရွက်ပါရန် တောင်းဆိုလိုက်သည်” ဟုKHRWက ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ဖားကန့်တွင် အရပ်သားပြည်သူများကို ဖမ်းဆီးခြင်းများ ဆက်တိုက်ပြုလုပ်နေသည်။မတ်လ ၁၁ရက်ကလည်း ကချင်ရိုးရာယဉ်ကျေးမှုရုံးကို စစ်ကောင်စီက ဝင်ရောက်စီးနင်းပြီးနောက် ရုံးအတွင်းရှိ​နေသူ၁၀ ဦးထက်မနည်းကိုဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

စစ်​ကောင်စီတပ်က အလုပ်ရုံကိုဖျက်ဆီးပြီး​တွေ့ရစဥ်။ ဓါတ်ပုံ-KHRW
စစ်​ကောင်စီတပ်က အလုပ်ရုံကိုဖျက်ဆီးပြီး​တွေ့ရစဥ်။ ဓါတ်ပုံ-KHRW

“ ပြည်သူတွေကကိုယ့်ဝမ်းစာအတွက်အလုပ်လုပ်နေချိန်မှာ သူတို့(စစ်ကောင်စီ)က မတရားဖမ်းဆီးနေတယ်” ဟု KHRWက တာဝန်ရှိသူတစ်ဦးကပြောသည်။

စစ်ကောင်စီမှ ပြည်သူလူထုများကို မတရားဖမ်းဆီးခြင်းမှချက်ခြင်းရပ်တန့်ပေးရန်၊ မတရားဖမ်းဆီးထားသော ပြည်သူများကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် KHRWက တောင်းဆိုထားသည်။

You May Also Like

သတင်း

စစ်ကောင်စီတပ်သည် ပြည်သူ့စစ်မဟာဗျူဟာဟု မကြာခဏပြောဆိုကာ လုပ်ဆောင်ခြင်းဖြစ်သော်လည်း ပြည်သူလူထုက ပူးပေါင်းဆောင်ရွက်ခြင်းမရှိသလို ထောက်ခံမှုလည်း မရှိကြောင်း ဒေသခံအချို့က ပြောသည်။

သတင်း

အဆိုပါတိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ ဒုဗိုလ် တစ်ဦးနှင့် ဒုအရာခံဗိုလ် တစ်ဦးအပါအဝင် ၃၁ဦးသေဆုံးပြီး ၂၁ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

ရခိုင်ပြည်နယ်၌ ALDပါတီ ၊ ရခိုင်အမျိုးသားပါတီ(ANP)၊ ဒေါက်တာအေးမောင်၏ ရခိုင်ဦးဆောင်ပါတီ(AFP) ပါတီများရှိရာ ယင်းအနက် AFPသည် ပါတီမှတ်ပုံတင်ပြီးဖြစ်သည်။

သတင်း

ကရင်နီတပ်မတော်က ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ နှစ်ဦးထပ်မံဒဏ်ရာရရှိခဲ့ကာ စစ် ကောင်စီတပ်က (၆၀) မမ၊ (၁၂၀)မမဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ကရင်နီတပ်မတော်မှ ထိခိုက်မှုတစ်စုံတစ်ရာမရှိကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။